ပထမအချီမှာပဲ အလဲထိုးခဲ့ပါတယ်။

ကျော်ဇင်လတ်အနေနဲ့ ပထမဆုံး ခါးပတ်ကာကွယ်ပွဲမှာတင် အရှုံးပေးခဲ့ရတာ ဖြစ်ပြီး အနိုင်ရခဲ့တဲ့ စောထူးအောင်ကတော့ မထင်မှတ်လောက် အောင်မြန်ဆန်တဲ့ ထိုးချက်တွေနဲ့အတူ ပထမအချီနဲ့ပင် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

စောဒါဝိတ်နဲ့လုထားတဲ့ လိုက်ဝယ်တာဝိတ်တန်း ရွှေခါးပတ်ချန်ပီယံကို ကျော်ဇင်လတ် ပထမဆုံးကာကွယ်ရတဲ့ ပွဲမှာပဲ အခြားသူလက်ထဲ ပြန် လည်လွှဲပြောင်းပေးခဲ့ရပါတယ်။

စောထူးအောင်က ရွှေခါးပတ်ကို စိန်ခေါ်ခဲ့တာ ဖြစ်ပြီး ပထမအချီမပြီးခင်မှာပဲ အလဲထိုး အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။ စောထူးအောင်ရဲ့ လက်သီးကြောင့် ကျော်ဇင်လတ် ခေါင်းမထောင်နိုင်ပဲ ရှိခဲ့ပါတယ်။ ဒိုင်က အမှတ်စဉ်ရေတွက်ခဲ့ပေမယ့်လည်း  အားခဲပြီး ပြန်ထိုးခဲ့ပါတယ်။

 

စောထူးအောင်က အချက်ကိုသိတော့ မိမိရရ ပူးသတ်ခဲ့တာကြောင့် နောက်တစ်ကြိမ် အမှတ်စဉ်ရေတွက်ခံရချိန်မှာတော့ဘယ်လိုမှ ပြန်မထ နိုင်တော့ပဲ အခုလို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် လိုက်ဝယ်တာဝိတ်တန်း မြန်မာပြည်ချန်ပီယံကတော့ စောထူးအောင် တော်ဝင်ရိုးရာ ဖြစ်လာခဲ့ပြီး နောက်ထပ် ဘယ်သူက သူ့ရဲ့ ခါးပတ်ကို စိန်ခေါ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

အခုလို အလဲထိုးနဲ့ အနိုင်ရရှိခဲ့တဲ့ သူတွေကို WLC က ဆုကြေးငွေ သီးသန့် ထပ်ချီးမြှင့်ထားတာ ဖြစ်ပြီး အလဲထိုးအနိုင်ယူခဲ့ပါက ဆုကြေး ငွေ ၁၀ သိန်းလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က