ဒုတိယအချီမှာပဲ အလဲထိုးခဲ့တာ ဖြစ်ပါတယ်။

တရုတ်သမားက အလဲထိုးမယ်လို့ ကြုံးဝါးခဲ့ပေမယ့်လည်း စိုးကြီးကသာ အလဲထိုးခဲ့တာ ဖြစ်ပြီး ဒုတိယအချီနဲ့တင် ပွဲသိမ်းခဲ့တာလည်း ဖြစ်ပါ တယ်။



 

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် WLC -6 ရဲ့ အဓိက ခေါင်ပွဲဖြစ်တဲ့ စိုးလင်းဦးနဲ့ တရုတ်က ကျောက်ဝမ်ဝမ်းရဲ့ ဝါလ်တာဝိတ်တန်း ပွဲစဉ်ကတော့ ပွဲကြီး ပွဲကောင်း ဖြစ်ခဲ့ပါတယ်။

စိုးကြီးကတော့ သံမဏိစိုးလင်းဦးလို့ အမည်တွင်ရလောက်အောင်ကို မာခဲ့ပြီး တရုတ်ကစ်ဘောင်ဆင်သမား ဘယ်လိုမှ မခံနိုင်ခဲ့ပါဘူး။

 

ပထမအချီမှာ တရုတ် ကစ်ဘောင်ဆင်သမား လက်ရည်တူ ထိုးသတ်နိုင်ခဲ့ပေမယ့်လည်း ဒုတိယအချီမှာတော့ စိုးကြီးရဲ့ ထိုးချက်တွေကို မခံနိုင်တော့ပဲ ထောင့်မှာ ခွေခဲ့ရပါတယ်။

ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ခဲ့ရာမှာတော့ ဘယ်လိုမှ ပြန်မလာနိုင်တော့ပဲ အရှုံးပေးခဲ့တာကြောင့် စိုးကြီးက WLC- 6 ရဲ့ အဓိက ခေါင်ပွဲမှာ အနိုင်ရရှိသူ ဖြစ်လာခဲ့ပါတယ်။

ဒီပွဲက စိန်ခေါ်ထိုးပွဲ သက်သက်သာ ဖြစ်လို့ ခါးပတ်ဆုချီးမြှင့်ခြင်းမရှိပဲ စိုးကြီးအနေနဲ့ အခုထိုးသတ်တဲ့ ဝါလ်တာ ဝိတ်တန်း ရွှေခါးပတ်ကို ဘယ်တော့ ရရှိနိုင်မှာလဲဆိုတာ စိတ်ဝင်စားစွာ နောက်ပွဲတွေ စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က