ရီကာက အန်တိုနီရာထက် MMA အတွေ့အကြုံများပါတယ်။

ကယန်းတိုင်းရင်းသူလေးအန်တိုနီရာအနေနဲ့ ပထမဆုံး MMA နိုင်ငံတကာပွဲကို ထိုးသတ်မှာ ဖြစ်တာကြောင့်လည်း အတွေ့အကြုံအားသာတဲ့ရီ ကာက အခုလို ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

Photo - One Championship

 

အောက်တိုဘာလ ၆ ရက်နေ့မှာ ရင်ဆိုင်ထိုးသတ်ရမယ့် မြန်မာက ပြိုင်ဖက် အန်တိုနီရာနဲ့ပွဲအတွက် ကြိုးစားပြင်ဆင်ထားပြီး ပြိုင်ဖက် အန်တိုနီရာအတွက်တော့ စိတ်မကောင်းဘူးလို့ ရီကာက ပြောပါတယ်။

အောင်လနဲ့ဖိုးသော်တို့ရဲ့ ခြေရာနင်းမယ့်သူ(သို့)အန်တိုနီရာ 

“ဒီပွဲက အားလုံးအတွက် အခြားအရာတွေထက် ပိုပြီး မိုက်နေမယ့်ပွဲ ဖြစ်လာမှာပါ။ဒီအတွက်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေပါတယ်။နောက်ပြီး ပြိုင်ဖက် အန်တိုနီရာကိုလည်း တောင်းပန်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ လာမယ့် ပွဲမှာ နိုင်ဖို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိနေလို့ပါပဲ။ဒါကြောင့် ကြိုပြီးတောင်းပန်ချင်ပါတယ်။” လို့ အန်တိုနီရာ ပြိုင်ဖက် ရီကာက ပြောပါတယ်။

ရီကာက ထိုင်းနိုင်ငံသား ဖြစ်တာကြောင့် မြန်မာက အန်တိုနီရာအနေနဲ့ ပြိုင်ဖက်ရဲ့ ပရိသတ်ရှေ့မှာ ပွဲလည်း ဖြစ်သလို ကစား သမားဘ၀ ပထမဆုံး နိုင်ငံတကာပွဲလည်းဖြစ်တာကြောင့် အတွေ့အကြုံပိုင်း အားနည်းမှုတွေတော့ ရှိနေပါတယ်။

ရီကာ MMA ပြိုင်ပွဲ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးနိမ့်ထားတာကြောင့် အတွေ့အကြုံပိုင်းမှာလည်း အန်တိုနီရာထက် များစွာ သာလွန်နေတာတွေ့ရပါတယ်။

Photo - One Championship

 

အသက် ၂၃ နှစ်အရွယ် အန်တိုနီရာနဲ့ အသက် ၂၉ နှစ်အရွယ် ရီကာတို့ရဲ့ တွေ့ဆုံမှုကတော့ MMA ပြိုင်ပွဲအတွက်သာမက မြန်မာနဲ့ ထိုင်းက တိုက်ခိုက်ရေး ပရိသတ်တွေ အတွက်ပါ စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာတော့မှာလည်း ဖြစ်ပါတယ်။

ရီကာအနေနဲ့ နောက်ဆုံးထိုးသတ်ထားတဲ့ ပွဲမှာ ရှုံးနိမ့်ထားတာကြောင့် အခုတစ်ကြိမ်အိမ်ရှင်ပွဲမှာ အမှန်တစ်ကယ်ပဲ မြန်မာက အတွေ့အကြုံနု အန်တိုနီရာကို အနိုင်ယူနိုင်မှာလား၊ အန်တိုနီရာကပဲ တာထွက်လှခဲ့မလားဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်း နေပါပြီ။

Share

Loading Next Article...
က္က