ဒုတိယအကြိမ် မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကာကွယ်ပွဲ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။

အဓိက တွဲဆိုင်းအဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြု ထိုးသတ်ပြီး ချန်ပီယံ ခါးပတ်ကာကွယ်မယ့် အောင်လအန်ဆန်နဲ့ လက်ဘနွန် က ကရာကီတို့ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။



 

မြန်မာပြည်က ပရိသတ်တွေ တခဲနက် အားပေးနေကြတဲ့ MMA One Championship ပြိုင်ပွဲကြီးတစ်ပွဲကိုတော့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။

ထိုင်းဖိုက်တာကို အရေးနိမ့်လို့ စိတ်မကောင်းဖြစ်နေတဲ့ အန်တိုနီရာကို နှစ်သိမ့်ခဲ့တဲ့ အောင်လအန်ဆန် 

ဒီပြိုင်ပွဲမှာတော့ အဓိက တွဲဆိုင်းအဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြု ထိုးသတ်ပြီး ချန်ပီယံ ခါးပတ်ကာကွယ်မယ့် အောင်လအန်ဆန်နဲ့ လက်ဘနွန် က ကရာကီတို့ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

 

ဝိတ်တန်း နှစ်ခုမှာ ချန်ပီယံ ဖြစ်ထားတဲ့ အောင်လအန်ဆန်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဂျပန်လူမျိုး ဖိုက်တာ ကမ် ဟာဆီဂါဝါနဲ့တုန်းကလည်း မစ်ဒယ်ဝိတ် ရွှေခါးပတ်ကို ကာကွယ်ခဲ့ရပြီးပါပြီ။

အဲ့ဒီတုန်းကတော့ အောင်လက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့အတိုင်း ကုလားကားလို အရှည်ကြီး ထိုးပြသွားခဲ့ပြီး သူဖူးကိုယ်ရောင် ထိုး သတ်ကာ နောက်ဆုံးအချီမှာ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

 

အခုတစ်ကြိမ်မှာလည်း လက်ဘနွန်က ကရာကီက မစ်ဒယ်ဝိတ်ရွှေခါးပတ်ကိုပဲ ထပ်မံ စိန်ခေါ်လာခဲ့တာ ဖြစ်ပြီး ဒီပွဲအတွက်လည်း အောင်လအန် ဆန်က ကြိုးစားပြင်ဆင်နေတာ တွေ့မြင်ရပါတယ်။ 

အခုလာမယ့် ပွဲစဉ်မတိုင်မီမှာ အနားယူရေကူးရင်း အောင်လအန်ဆန်က ပြေထားတဲ့ စကားလေးလည်း ရှိပါတယ်။ အဲ့ဒါကတော့ - " လာမယ့် အောက်တိုဘာ ၂၆ ရက်မှာ One Championship ရဲ့နောက်ထပ်ပွဲတစ်ပွဲ ရန်ကုန်ကိုပြန်ရောက်လာပါပြီ။ဒီပွဲက One Championship ကစီစဉ်တဲ့ ကျွန်တော့်ရဲ့ ၁၀ပွဲမြောက် ်ပွဲစဉ်ဖြစ်ပြီးတော့ လက်ဘနွန်က ချန်ပီယံနဲ့ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်  တကယ်စိတ်လှူပ်ရှားရပါတယ်။ ဒါကြောင့် ဒီပွဲအတွက် သေချာအာရုံစိုက်နေပြီးလေ့ကျင့်ခန်းတွေအပြင်းအထန် စတင်နေပြီဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ပြန်ဆုံရအောင်။" လို့ ရေးသားပြောဆိုထားပါတယ်။

အောင်လအန်ဆန်က မြန်မာ့ စပါးအုံးလို့ တင်စားခေါ်ဝေါ်ခံနေရတဲ့သူ ဖြစ်ပြီး MMA ပြိုင်ပွဲမှာလည်း မြန်မာ့ဂုဏ်ဆောင်ပြီး ရွှေခါးပတ်နှစ်ခုချန်ပီ ယံအဖြစ် ရပ်တည်ထားနေသူ ဖြစ်ပါတယ်။

ပထမဆုံး ခါးပတ်ကာကွယ်ပွဲမှာတော့ အကောင်းဆုံး ကာကွယ်ထားနိုင်တဲ့ အောင်လ တစ်ယောက် အခု ဒုတိယတစ်ကြိမ် ခါးပတ်ကာကွယ်ပွဲ မှာ လည်း အကောင်းဆုံး ထပ်မံ ကာကွယ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က