ဆေးစစ်ဆေးမှု ရလာဒ်အရ ပိတ်ပင်ခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုးသတ်ခဲ့တဲ့ UFC လိုက်ဝိတ်တန်း ခါးပတ်လုပွဲအပြီးမှာ ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့ပြီး အသင်းသားတွေပါ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပါတယ်။ ပွဲအပြီး ဆေးစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ကွန်နာမက်ဂရီဂေါ်ကို နိုဝင်ဘာလအကုန်အထိ ထိုးသတ်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ UFC က ကြေငြာခဲ့ပါတယ်။

 

Daily Express ရဲ့ ဖော်ပြချက်အရ အသက် (၃၀)အရွယ် တိုက်ခိုက်ရေးသမားကို ဆေးစစ်ဆေးမှုတွေ အပြီးမှာ ထိုးခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထိချက်နာခဲ့တဲ့ မက်ဂရီဂေါ်အနေနဲ့ နောက်ထပ်ပွဲစဉ်တွေ ထိုးသတ်ဖို့အတွက် လုံလောက်တဲ့အချိန်ထိ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ခါဘစ်ကတော့ ဆေးစစ်ဆေးမှုအပြီးမှာ နောက်ထပ်ပွဲစဉ်တွေ ထိုးသတ်ဖို့အတွက် ပြသနာမရှိခဲ့လို့ ထိုးသတ်နိုင်မှာ ဖြစ်ပါတယ်။

 

ခါးပတ်လုပွဲမှာတော့ လက်ရှိချန်ပီယံ ခါဘစ်က စိန်ခေါ်သူ မက်ဂရီဂေါ်ကို အသာစီးက ထိုးသတ်ပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ ကွန်နာမက်ဂရီဂေါ်က အရှုံးကို လက်သင့်ခံဖို့ လက်နဲ့ပုတ်ပြီး အချက်ပြခဲ့ပေမယ့် ခါဘစ်က မက်ဂရီဂေါ်ကို ချုပ်ထားမှုကို လွှတ်မပေးခဲ့ပဲ ထိန်းချုပ်ထားခဲ့လို့ ဒိုင်က ဖျန်ဖြေပေးခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ခါဘစ်ဟာ ထိုးသတ်ကွင်းကို ကျော်တက်ပြီး စင်အောက်ဆင်းသွားကာ မက်ဂရီဂေါ်ရဲ့ အသင်းသားတွေကို လိုက်လံထိုးကြိတ်ခဲ့ပါတယ်။

 

ခါဘစ်ရဲ့ အသင်းသားတစ်ဦးကလည်း ထိုးသတ်ကွင်းထဲအထိ ကျော်ဝင်လာခဲ့ပြီး ထိုးသတ်ကွင်းထဲမှာ မက်ဂရီဂေါ်ကို ထိုးကြိတ်ခဲ့ပါတယ်။ ဒီအတွက် နှစ်ဖက် တိုက်ခိုက်ရေးသမားတွေရဲ့ အဖွဲ့တွေကြား အပြန်အလှန်ထိုးသတ်မှုတွေ ဖြစ်ခဲ့ပြီး ပြောစမှတ်တွင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

 

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး "သူတို့နှစ်ယောက်လုံးကို ကျွန်တော်တို့ စစ်ဆေးသွားဦးမှာပါ၊ သူတို့ရဲ့ ကိစ္စကို အလျှင်မြန်ဆုံး စစ်ဆေးဆုံးဖြတ် ကြားနာသွားမှာပါ၊ လက်ရှိမှာတော့ သူတို့ရဲ့ ဆုကြေးငွေတွေအားလုံးကို ထိန်းသိမ်းထားပါတယ်၊ ယာယီပိတ်ပင်ထားတဲ့ကာလက တိုတိုလေးပါ၊ နိုဝင်ဘာလအတွင်းမှာ နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးမှုတွေ ပြုလုပ်သွားပါမယ်" လို့ နီဗာဒါးအားကစားကော်မရှင် ဥက္ကဌ ဘာရက်အိုကာမိုတိုက ESPN သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က