သူ့အပေါ် ဝေဖန်ခဲ့လို့ပါ။

"တောထဲမှာ ဘုရင်ဆိုတာ တစ်ကောင်တည်းရှိတာပါ" လို့ အစချီပြီး UFC ဖိုက်တာ ခါဘစ်က လက်ဝှေ့အကျော်အမော် မေဝယ်လ်သာကို စိန်ခေါ်စကားဆိုလိုက်ပြီ ဖြစ်ပါတယ်။ ကိုယ်ခံပညာရပ်ပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲမှာ (၂၇)ပွဲ ထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးတဲ့ ခါဘစ်က သူ့အပေါ် ဝေဖန်ခဲ့တဲ့ မေဝယ်သာကို စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

Photo : The Guardian

 

ပြီးခဲ့တဲ့ အပတ်က လက်စ်ဗီးဂက်စ်မှာ ထိုးသတ်ခဲ့တဲ့ လိုက်ဝိတ်တန်းခါးပတ်ကာကွယ်ပွဲမှာ ခါဘစ်က ကွန်နာမက်ဂရီဂေါ်ကို အလဲထိုးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အသင်းကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေအတွက် ခါဘစ်ရဲ့ နိုင်ပွဲဟာ မှေးမှိန်ခဲ့ရပြီး ခါဘစ်ဟာလည်း စင်ပေါ်မှာ ခါးပတ်လက်ခံရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo : The Big Lead

 

ခါဘစ်နဲ့ ထိုးသတ်ခဲ့တဲ့ မက်ဂရီဂေါ်ဟာလည်း ပြီးခဲ့တဲ့နှစ်တုန်းက မေဝယ်သာနဲ့ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ ထိုးသတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း (၁၀)ချီမှာတော့ မေဝယ်သာက မက်ဂရီဂေါ်ကို ပြင်းထန်အားပါတဲ့ လက်သီးထိုးချက်တွေနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ အခုတော့ ခါဘစ်က မေဝယ်သာကို စိန်ခေါ်စကား ထပ်မံပြောဆိုလိုက်ပါပြီ။

Photo : MMAjunkie

 

"စလိုက်ကြရအောင် မေဝယ်သာ၊ ငါတို့ အခု ထိုးသတ်ဖို့ အချိန်ရောက်ပြီ၊ ပွဲ (၅၀) ထိုးထားပြီး မင်းလည်း ရှုံးပွဲမရှိသလို၊ ငါလည်း (၂၇) ပွဲ ထိုးထားပြီး ရှုံးပွဲမရှိသေးဘူးလေ၊ ဒါပေမယ့် တောထဲမှာ ဘုရင်ဆိုတာ တစ်ကောင်တည်း ရှိတယ်၊ လက်ရှိမှာ ငါက ဘုရင်ပဲ၊ ဘာလို့လဲဆိုတော့ မက်ဂရီဂေါ်ကို မင်းက လွယ်လွယ်လေးမထိုးသတ်နိုင်ခဲ့ပေမယ့် ငါကတော့ သူ့ကို အလွယ်တကူပဲ မှောက်သွားအောင် ထိုးသတ်နိုင်ခဲ့လို့ပဲ" လို့ ခါဘစ်က စိန်ခေါ်စကား ဆိုခဲ့ပါတယ်။

Photo : New York Post

 

မေဝယ်သာကတော့ ခါဘစ် နဲ့ မက်ဂရီဂေါ်တို့ ပွဲအပြီးမှာ မက်ဂရီဂေါ်ကို ချီးကျူးစကားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဂရီဂေါ်က လက်ပုတ်ပြီး အရှုံးပေးချိန်မှာ လွှတ်မပေးပဲ ဆက်လက်ချုပ်ကိုင်ထားခဲ့တဲ့ ခါဘစ်ကိုတော့ မေဝယ်သာက ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။ ဒီဝေဖန်မှုကြောင့် ခါဘစ်အနေနဲ့ မေဝယ်သာအပေါ် ဒေါသထွက်ခဲ့ပြီး စိန်ခေါ်ခဲ့တာ ဖြစ်မယ်လို့ ဗြိတိန်သတင်းစာ တွေက ဖော်ပြခဲ့ကြပါတယ်။

Photo : The Guardian

 

ဒါပေမယ့်လည်း ဒီပွဲစဉ်ဟာ လတ်တလောမှာ ဖြစ်လာနိုင်ဖွယ်ရာ နည်းပါးနေပါတယ်။ ဘာလို့လဲဆိုတော့ လက်ဝှေ့လောကကနေ အနားယူထားတဲ့ မေဝယ်သာဟာ ပြိုင်ဘက်ဟောင်း ဖိလစ်ပိုင်လက်ဝှေ့သမား မန်နီပက်ကွီအိုနဲ့ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ အတည်ပြုထားခဲ့လို့ ဖြစ်ပါတယ်။ မေဝယ်သာ အနေနဲ့ ခါဘစ်နဲ့ ထိုးသတ်ချင်ရင်တောင် ပက်ကွီအိုနဲ့ပွဲပြီးမှသာ ထိုးသတ်သွားဖွယ် ရှိနေပါတယ်။

Share

Loading Next Article...
က္က