အောင်လရဲ့ပရိသတ်တွေအနေနဲ့ လာရောက်ကြိုဆိုနှုတ်ဆက်နိုင်တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်ဘနွန်နိုင်ငံသား ကရာကီနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပြီး မနက်ဖြန် မနက် ၆ နာရီမှာ ကာတာလေ ကြောင်းလိုင်းနဲ့မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။



Photo - One Championship

 

လက်ဘနွန်နိုင်ငံသား ကရာကီနဲ့ ထိုးသတ်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြု အောင်လအန်ဆန်ကတော့ မြန်မာနိုင်ငံကို မနက်ဖြန် မနက်ပိုင်းမှာ ရောက်လာမယ်လို့ One Championship က သတင်းထုတ်ပြန်ပါတယ်။

"မြန်မာပြည်ကို ကိုယ်စားပြုယှဉ်ပြိုင်ရတာ ဂုဏ်အယူရဆုံးပါပဲ"(အောင်လအန်ဆန်) 

အောင်လအန်ဆန်အနေနဲ့ ကာတာ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာမယ်လို့ သိရပြီး မနက်ဖြန် မနက် ၆ နာရီမှာ လေဆိပ် Terminal 1 ကို ဆိုက်ရောက်လာမှာလည်း ဖြစ်ပါတယ်။

Photo - Aung La N Sang

 

အခုလို အောင်လအန်ဆန် လေဆိပ်ကို ရောက်ရှိလာမယ့်အချိန်မှာ အောင်လအန်ဆန်ကို ချစ်ကြတဲ့ ပရိသတ်တွေအနေနဲ့ လာရောက် ကြိုဆို နှုတ်ဆက်လိုပါက လာရောက်နိုင်တယ်လို့လည်း One Championship က ပြောပါတယ်။

အောင်လအန်ဆန်ကိုယ်တိုင်ကလည်း - " မြန်မာပြည်က ပရိသတ်တွေ ကျွန်တော် မနက်ဖြန် မြန်မာနိုင်ငံကို ရောက်ပါမယ်။အခုလောလောဆယ် မှာတော့ ကရာကီနဲ့ပွဲအတွက ်စိတ်လှုပ်ရှားနေပါတယ်။အခုလို မြန်မာပြည်မှာ နောက်ထပ် တစ်ပွဲစီစဉ်ပေးလို့ One Championship နဲ့ Chatri ကို လည်း ကျေးဇူးတင်ပါတယ်။ဒီပွဲအတွက်ကျွန်တော့်ကိုသေချာ လေ့ကျင့်ပြင်ဆင်ပေးတဲ့ Hard Knocks 365 က  Trainerတွေ နဲ့ လေ့ကျင့်ဖေါ် တွေကိုလည်း  ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။"လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြလာပါတယ်။

Photo - One Championship

 

အောင်လအန်ဆန်ရဲ့ပွဲကတော့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ချန်ပီယံ ကာကွယ်ပွဲအဖြစ် ထိုးသတ်သွားမှာဖြစ်ပြီး လက်ဘနွန်နိုင်ငံသားက စိန်ခေါ်ထိုး သတ်မှာလည်း ဖြစ်ပါတယ်။

ပွဲကိုတော့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပြီး ပွဲကြို သတင်းစာရှင်းလင်းပွဲကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့ Junction City မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က