ဖိုးသော်အတွက်တော့ MMA ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

ဖိုးသော်အနေနဲ့ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပေမယ့်လည်း ရှေ့ဆက် ပိုပြီး ကျွမ်းကျင်အောင်လေ့ကျင့်သွားဖို့နဲ့ စိတ်ဓာတ်မကျဖို့ကို အောင် လနဲ့ အန်တိုနီယာတို့က အားပေးနှစ်သိမ့်ခဲ့ပါတယ်။



Photo - Bozhena Antoniyar Facebook Page

 

မနေ့ညက ကျင်းပခဲ့တဲ့ One Championship ရဲ့ Pursuit of greatness ပြိုင်ပွဲကြီးမှာ မြန်မာက ဖိုးသော်က မလေးရှားက ဆူးဘားနဲ့ ထိုးသတ်ခဲ့ပါတယ်။

မလေးရှားတိုက်ခိုက်ရေးသမား ဆူးဘားရဲ့ ချုပ်ကွက်အောက်မှာ အရှုံးပေးခဲ့ရတဲ့ ဖိုးသော် 

ပွဲအစ ပထမအချီမှာပဲ ဆူးဘားရဲ့ အားသာချက်ဖြစ်တဲ့ ချုပ်ကွက်ကို ဖိုးသော် ပြန်လည်ခုခံနိုင်စွမ်းမရှိပဲ အရှုံးပေးလိုက်ရတာကြောင့် MMA ပြိုင် ပွဲမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 

ပွဲမတိုင်ခင်မှာကတည်းက ပြိုင်ဖက်က ချုုပ်ကွက်မှာ အားသာတယ်လို့ ဖိုးသော်ကိုယ်တိုင် ပြောခဲ့ပေမယ့်လည်း အမှန်တစ်ကယ် ယှဉ်ပြိုင်ချိန်မှာ တော့ ဒီအားသာချက်ကို ဖိုးသော် တားဆီးဖို့ ခက်ခဲခဲ့ပါတယ်။

ဒီလို ရှုံးနိမ့်ခဲ့လို့ ဖိုးသော်က သူ့ကို ဝေဖန်အကြံပြုသူတွေကို ကျေးဇူးတင်ခဲ့သလို ပြန်လည်ကြိုးစားပြင်ဆင်သွားမယ်လို့လည်း သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

အခြားတစ်ဖက်မှာလည်း ဖိုးသော်ကို ဝိုင်းဝန်းအားပေးနှစ်သိမ့်တဲ့ပရိသတ်တွေများစွာက ဖိုးသော်ရဲ့ လူမှုစာမျက်နှာထက်မှာ အသီးသီးရေးသား ဖော်ပြအားပေးခဲ့ကြသလို အနီးစပ်ဆုံး ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆိုင်းနဲ့ အန်တိုနီယာတို့ကလည်း ကိုယ်စီ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

"ဖိုးသော်ကို ဝိုင်းပြီး မရှုံ့ချကြပါနဲ့၊ဘယ်သူမှ အရှုံးနဲ့မကင်းပါဘူး။အားပေးပေးပါ။ကိုယ်လူမျိုးကို ကိုယ်မှ အားမပေးရင် ဘယ်သူက အားပေးမှာလဲ၊ ဖိုးသော်လည်း အခုထက်ပိုကြိုးစားပါ။" လို့ အောင်လအန်ဆိုင်းက ပွဲအပြီးမှာ အားပေးစကားပြောခဲ့ပါတယ်။

 

ထိုနည်းတူစွာပဲ အင်ဒိုနီးရှားနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာကလည်း - " Ko Aung La နိုင်သွားတာ အရမ်းပျော်တယ်၊ ဒါပေမယ့် Ko Phoe Thaw ရှုံးသွားတယ်၊ တကယ် စိတ်မကောင်းဘူး။ Ko Phoe Thaw ကို အရမ်းနိုင်စေချင် တာ ဒါပေမယ့် ကိုဖိုးသော် စိတ်ဓာတ်မကျပါနဲ့နောက်ပွဲတွေ အများကြီးကျန်သေးတယ်။ အတူတူ လျောက်လှမ်းကြမယ်နော်။" လို့ သူရဲ့လူမှု စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဖိုးသော်က MMA ပြိုင်ပွဲ ၆ ပွဲထိုးသတ်ထားပြီး ၆ပွဲစလုံးကို အနိုင်ရထားပေမယ့်လည်း အခု ၇ ကြိမ်မြောက်ထိုးသတ်တဲ့ပွဲမှာတော့ ပထမဆုံး ရှုံးပွဲ နဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆိုင်းကတော့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်ှာတော့ ရှုံးပွဲမရှိသေးတဲ့ က ရာကီကို ရှုံးပွဲကြုံတွေ့စေခဲ့တာလည်း ဖြစ်ပါတယ်။

အန်တိုနီယာကတော့ ပထမဆုံး ထိုးသတ်ခဲ့တဲ့ နိုင်ငံတကာပွဲမှာ ထိုင်းနိုင်ငံက ရီကာကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်းကလည်း အောင်လ အန်ဆန်က အားပေးနှစ်သိမ့်ပေးခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က