အာရှနဲ့ ပစိတ်ဖိတ်က နိုင်ငံပေါင်း ၁၆ နိုင်ငံက အားကစားသမားပေါင်း ၁၃၀ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ဒီပြိုင်ပွဲမှာ အသုံးပြုမယ့် ရွက်လှေတွေကိုတော့ ဟောင်ကောင်နိုင်ငံက တဆင့် တင်သွင်းထားတယ်လို့ သိရပြီး ပြိုင်ပွဲတစ်ခုလုံး အတွက် ကုန်ကျ စရိတ် စုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၄ သိန်း နီးပါး ကုန်ကျတယ်လို့လည်း မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဖုန်းကျော်မိုးမြင့်က ပြောပါတယ်။



 

လာမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ငွေဆောင်ကမ်းခြေမှာ 2018 Optimist Asian & Oceanian Championship ရွက်လှေှပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။

ခါးပတ်နှစ်ခုပထမဆုံးပိုင်ဆိုင်မယ့် အမျိုးသမီးဖိုက်တာ ဖြစ်ဖို့ ကြိုးပမ်းလာမယ့် အိန်ဂျလာလီ 

ဒီပြိုင်ပွဲကိုတော့ ပြိုင်ပွဲခေါင်းစဉ်အတိုင်း အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံပေါင်း ၁၆ နိုင်ငံက အားကစားသမားပေါင်း ၁၃၀ က ဝင်ရောက်ယှဉ်ပြိုင် ကြမှာပါ။

 

မြန်မာနိုင်ငံအတွက်တော့ အခုလို ရွက်လှေပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ မြန်မာနိုင်ငံအတွက်တော့ ၆ ကြိမ်မြောက် ရွက်လှေ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်သလို ငွေဆောင်မှာ ၃ ကြိမ်မြောက် ကျင်းပမယ့်ပွဲလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံတွေကတော့ အိမ်ရှင်မြန်မာအပါအဝင် သြစတြေးလျ၊ကနေဒါ၊ဖီဂျီ၊ဟောင်ကောင်၊အိန္ဒိယ၊ဂျပန်၊နယူးဇီ လန်၊အိုမန်၊စင်ကာပူ၊သီရိလင်္ကာ၊ထိုင်း၊တရုတ်(တိုင်ပေ)၊အမေရိကန်၊ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ဖြစ်ပါတယ်။

 

ဒီပြိုင်ပွဲက မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ရွက်လှေပြိုင်ပွဲဖြစ်လာမှာဖြစ်သလို ကုန်ကျစရိတ်လည်း များစွာ ကုန်ကျမှာ ဖြစ်တယ် ဆိုတဲ့ အကြောင်းကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖုန်းကျော်မိုးမြင့်က ပြောပါတယ်။

"ပြိုင်ပွဲကျင်းပခွင့်ရဖို့ ၂၀၁၆ ခုနှစ်တုန်းက အဆိုတင်သွင်းခဲ့ရာမှာတော့ ကိုရီးယား၊အိုမန်တို့နဲ့ အပြိုင်ကြိုးပမ်းခဲ့ရပါတယ်။ နောက်ဆုံး ကျွန်တော် တို့ ရွေးချယ်ခံခဲ့ရလို့ အခုလို ၂၀၁၈ ခုနှစ်မှာ အိမ်ရှင်ဖြစ်လာတာပါ။ဒီပွဲက မြန်မာ့သမိုင်းမှာ လုပ်ခဲ့သမျှ ရွက်လှေပြိုင်ပွဲတွေထဲမှာတော့ အကြီးမား ဆုံး ပြိုင်ပွဲ ဖြစ်လာမှာပါ။ ၂၀၁၃ ဆီးဂိမ်းတုန်းက ကျွန်တော်တို့ လုပ်ခဲ့ပေမယ့် အဲ့ဒါက အာဆီယံ အဆင့် ပြိုင်ပွဲပါ။အခုက အာရှနဲ့ ပစိဖိတ်ဒေသ ကအသင်းပေါင်း ၁၆ နိုင်ငံတောင်ပါဝင်မှာ ဖြစ်တဲ့ အတွက် အရမ်းကြီးတဲ့ ပွဲတစ်ခုဖြစ်လာမှာပါ။" လို့ ဦးဖုန်းကျော်မိုးမြင့်က ပြောပါတယ်။

 

ဒီပြိုင်ပွဲမှာ အသုံးပြုမယ့် ရွက်လှေတွေကိုတော့ ဟောင်ကောင်နိုင်ငံက တဆင့် တင်သွင်းထားတယ်လို့ သိရပြီး ပြိုင်ပွဲတစ်ခုလုံးအတွက် ကုန်ကျ စရိတ် စုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၄ သိန်း နီးပါး ကုန်ကျတယ်လို့လည်း ဦးဖုန်းကျော်မိုးမြင့်က ပြောပါတယ်။

မြန်မာ ကစားသမားတွေကတော့ ဒီပြိုင်ပွဲမှာ ကျား ၁၀ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၈ ဦးပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲကြို လက်ရည်စမ်းတဲ့အနေနဲ့ ဟောင်ကောင်နိုင်ငံက ကျင်းပခဲ့တဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။

အဲ့ဒီပွဲမှာ ကျား၂ ဦးက အမျိုးသား အသက် ၁၂ နှစ်အောက် ပွဲမှာ ပထမနဲ့ ဒုတိယဆုကိုရရှိခဲ့သလို၊အမျိုးသမီး အသက် ၁၂နှစ်အောက်မှာလည်း မ နှစ်ဦးက ပထမနဲ့ဒုတိယဆုတွေကို ရရှိခဲ့ကြပါတယ်။

လက်ရှိမှာတော့ အာဂျင်တီးနားလူမျိုး နည်းပြတစ်ဦးကို ငှားရမ်းလေ့ကျင့်ပေးလျက်ရှိပြီး အခုပြိုင်ပွဲကတော့ ကမ္ဘာ့အဆင့်ကစားသမားတွေကြား ကစားရမှာ ဖြစ်တာကြောင့် ဆုတံဆိပ်များစွာ မျှော်လင့်ထားခြင်းမရှိပဲ အဆင့်တစ်ခုထိရောက်ဖို့သာ မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၉၆ခုနှစ်မှာ အာဆီယံ လူငယ်ပြိုင်ပွဲ၊၂၀၀၄ မှာ အာဆီယံ ချန်ပီယံရှစ်၊၂၀၁၃ မှာ ဆီး၈ိမ်း၊၂၀၁၅ မှာ အလွတ်တန်းရွက် လှေပြိုင်ပွဲတွေကို အသီးသီး ကျင်းပခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က