နှစ်ဦးစလုံးက ဘန်တန်ဝိတ်တန်းရဲ့ ခါးပတ်ချန်ပီယံတွေဖြစ်နေပါတယ်။

နှစ်ဦးသား ၂၀၁၆ တုန်းက တစ်ကြိမ်တွေ့ဖူးပြီး အဲ့တုန်းကတော့ ဘီဘီယာနိုက အနိုင်ရပြီး သူ့ရဲ့ ဘန်တန်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ ပါတယ်။

Photo - Sports Gateway

 

နိုဝင်ဘာလ ၉ ရက်နေ့မှာ ထိုးသတ်ရမယ့် စင်ကာပူပွဲမှာတော့ ဒုတိယ အဓိက ခေါင်ပွဲအဖြစ် ထိုးသတ်မယ့် ဘရာဇီးက ဘီဘီယာနိုနဲ့ ဖိလစ်ပိုင်က ကီဗင်ဘယ်လင်ဂိုတို့ပွဲကတော့ တစ်ကယ့်ကို ကြည့်ကောင်းမယ့်ပွဲပါပဲ။

ခါးပတ်နှစ်ခုပထမဆုံးပိုင်ဆိုင်မယ့် အမျိုးသမီးဖိုက်တာ ဖြစ်ဖို့ ကြိုးပမ်းလာမယ့် အိန်ဂျလာလီ 

ဒီနှစ်ယောက်က အခုတစ်ကြိမ်တွေ့ဆုံတာ ၂ ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တစ်ကြိမ်တွေ့ထားဖူးသူတွေ ဖြစ်ပါ တယ်။

Photo - MMA Fighting

 

အဲ့ဒီတုန်းကတော့ ဘရာဇီးသား ဘီဘီယာနိုဖာနန်ဒက်စ်က ပထမအချီမှာပဲ အနိုင်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ရှုံးပြီးကတည်းက ဖိ လစ်ပိုင်သား ကီဗင်ကတော့ နောက်ထပ် ရှုံးပွဲဆိုတာ မရှိတော့ပဲ နောက်ဆုံး ၆ ပွဲဆက်တိုက်ကို အနိုင်ယူထားသူ ဖြစ်ပါတယ်။

ဘန်တမ်ဝိတ်တန်းအဖြစ် ထိုးသတ်ကြမယ့် ဒီနှစ်ယောက်ရဲ့ တွဲဆိုင်းက အခြားတွဲဆိုင်းတွေထက် စိတ်ဝင်စားစရာတွေလည်း ရှိနေပါတယ်။ အဲ့ဒါ ကတော့ ဘန်တန်ဝိတ်ချန်ပီယံအဖြစ် နှစ်ဦးစလုံးက ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

Photo - YouTube

 

ဘီဘီယာနိုက ၂၂ ပွဲနိုင်ပြီး ၃ပွဲသာ ရှုံးနိမ့်ထားဖူးတဲ့ ဖိုက်တာ ဖြစ်သလို ကီဗင်ဘယ်လင်ဂိုကလည်း ၁၉ ပွဲနိုင်ပြီး ၅ ပွဲသာရှုံးထားလို့ နှစ်ဦးသား အတွေ့အကြုံနဲ့ သဘာပိုင်းမကွာပါဘူး။

ဘီဘီယာနိုက်တော့ ၂၀၁၁ ခုနှစ်ကတည်းက ရှုံးပွဲမရှိတော့တဲ့ ဖိုက်တာ ဖြစ်သလို မူလက One Championship ကို မလာဖြစ်ခင် UFCကိုရောက် ဖို့ မဲဆွယ်ခံခဲ့ရဖူးပါတယ်။

 

ဒါပေမယ့်လည်း One မှာသာ ထိုးသတ်ဖြစ်ပြီး ၂၀၁၃ မှာတော့ ဘန်တန်ဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။အဲ့နောက် ခါးပတ်ကို ၇ ကြိမ်ကာကွယ်ခဲ့ ပြီး ၇ ကြိမ်စလုံး ကာကွယ်ထားနိုင်ပါတယ်။

ဖိလစ်ပိုင်သား ကီဗင်ကတော့ ဘန်တန်ဝိတ်တန်းရဲ့ ကြားဖြတ်ချန်ပီယံပါ။ဘီဘီယာနိုကို ရှုံးနိမ့်ပြီးကတည်းက နောက်ဆုံံးထိုးသတ်ခဲ့သမျှ ပွဲစဉ် ၆ ပွဲစလုံးကို အနိုင်ထိုးထားနိုင်ပါတယ်။

ဒီခါးပတ်ကိုတော့ ဖယ်သာဝိတ်နဲ့လိုက်ဝိတ်ချန်ပီယံ မာတင်ငုယင်ကို ပြီးခဲ့တဲ့ ဂျူလိုင်လက အနိုင်ယူပြီး ရရှိထားတာလည်း ဖြစ်ပါတယ်။

အခုတစ်ကြိမ် ဘီဘီယာနိုနဲ့ကီဗင်တို့ရဲ့ ချန်ပီယံ နှစ်ယောက်တိုက်ပွဲကတော့ ချန်ပီယံတစ်ယောက်ကို ကွဲကွဲပြားပြားထွက်ပေါ်လာစေတော့မှာ ဖြစ်ပြီး ဘယ်သူက ဘန်တန်ဝိတ်တန်းရဲ့ အရှင်သခင်အစစ်ဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က