AD
AD
AD

စင်ကာပူအက်တမ်ဝိတ်ချန်ပီယံ လီက စတားဝိတ်ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ထိုးသတ်တာဖြစ်လို့ အနိုင်ရခဲ့ပါက ပထမဆုံး ၀ိတ်တန်းနှစ်ခုရဲ့ အ အမျိုးသမီး ချန်ပီယံ ဖြစ်လာမှာ ဖြစ်ပါတယ်။

play
Photo - Stadium Astro

 

ပန်ဒါမလေးလို့ အမည်ခေါ်တွင်တဲ့ တရုတ်စတားဝိတ် ချန်ပီယံ Xiong Jing Nan ကတော့ လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ သူ့ရဲ့ ခါးပတ်ကို ကာကွယ်ပွဲထိုးသတ်ရမှာပါ။

 

စင်ကာပူမှာ ထိုးသတ်ရမှာ ဖြစ်ပြီး အိမ်ရှင် ဖိုက်တာ ဖြစ်တဲ့ အက်တမ်ဝိတ်တန်းရဲ့ ချန်ပီယံ အိန်ဂျလာလီက စတားဝိတ်ခါးပတ်ကို စိန်ခေါ်လာ တာပါ။

play
Photo - The Fight Nation

 

ဒီပွဲစဉ်ကတော့ One Championship က ကျင်းပပြုလုပ်ခဲ့သမျှ ပွဲစဉ်အားလုံးထဲမှာ အထူးခြားဆုံး ပွဲတစ်ပွဲအဖြစ် ရှိလာာတော့မှာ ဖြစ်ပြီး အကြောင်းကတော့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ် ချန်ပီယံတွေ ထိုးသတ်မယ့် ပွဲဖြစ်ပါတယ်။

ဒါ့အပြင် စိန်ခေါ်သူ အိန်ဂျလာလီအတွက် အနိုင်ရခဲ့မယ်ဆိုပါက MMA သမိုင်းမှာ ပထမဆုံး ၀ိတ်တန်းနှစ်ခုရဲ့ ရွှေခါးပတ်ချန်ပီယံ ဖြစ်လာတော့ မှာပါ။

play
Photo - South China Morning Post

 

"အရမ်းကို စိတ်လှုပ်ရှားနေပါပြီ။ကြိုးဝိုင်းထဲမှာ သူ့(လီ)ကို တွေ့ဖို့ မစောင့်နိုင်တော့အောင် ဖြစ်နေပါပြီ။"လို့ အသက် ၃၀ အရွယ် Xiong Jing Nan က ပြောပါတယ်။

၁၃ ပွဲနိုင်ပြီး ၁ပွဲသာ ရှုံးပွဲရှိထားတဲ့ စတားဝိတ်ချန်ပီယံ Xiong Jing Nan အနေနဲ့ ၉ ပွဲကစား ၉ ပွဲစလုံး အနိုင်ရရှိထားတဲ့ အိန်ဂျလာလီနဲ့ ရင်ဆိုင် ရမယ့်ပွဲက သိပ်တော့ လက်ရည်ကွာလှခြင်း မရှိပါဘူး။

 

ရှေ့မှာ ခါးပတ်ကာကွယ်ပွဲ ၂ ပွဲထိုးထားသေးပြီး ပထမပွဲကတော့ ၅ ချီပြည့်ထိုးသတ်ခဲ့ရကာ အမှတ်စနစ်နဲ့ ခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပေမယ့် ဒုတိယပွဲဖြစ်တဲ့ ဘရာဇီးက ဆာမာရာဆန်းတို့စ်နဲ့ပွဲမှာတော့ ၃ ချီအတွင်း ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိပြီး ခါးပတ်ကို ထပ်မံ ကာကွယ်ထားနိုင်တာပါ။

အခုတတိယမြောက် ခါးပတ်ကာကွယ်ပွဲမှာလည်း - " 'ဒီပွဲကိုလည်း ရှေ့ကပွဲလိုပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိအောင် ထိုးသတ်သွားမှာပါ။သူက ဘရာဇီး ဂျူဂျစ်ဆုကောင်းပါတယ်။နောက်ပြီး ground game မှာလည်း ဆရာကျပါတယ်။ဒါပေမယ့် ကျွန်မက ဒိုင်ပွဲရပ်နဲ့ အနိုင်ယူမှာပါ။"လို့ ပြောခဲ့ပါသေး တယ်။

နောက်ဆုံး ပြောသွားတာကတော့ ပြိုင်ဖက် အိန်ဂျလာလီအနေနဲ့ သူ့ကို ဒိုင်ပွဲရပ်ထိုးသတ်နိုင်ဖို့ အခွင့်အရေး တစ်ကြိမ်သာရမယ်လို့ ဆိုခဲ့ပြီး ကွင်း ထဲမှာ ဆုံကြသေးတာပေါ့လို့ သတိပေးစကားပြောခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD