AD
AD
AD

မူလက စင်ကာပူဖိုက်တာ လီက တရုတ်ဖိုက်တာထံက စတားဝိတ်တန်းရွှေခါးပတ်ကို စိန်ခေါ်ပြီး ပထမဆုံး ခါးပတ်နှစ်ခုပိုင်ဆိုင်မယ့် အမျိုးသမီး ဖိုက်တာအဖြစ် စံချိန်တင်နိုင်ဖို့ ကြိုးစားလာတာပါ။

play
Photo - One Championship

 

စင်ကာပူမှာ ကျင်းပမယ့် One Championship ပြိုင်ပွဲရဲ့ အဓိကပွဲဖြစ်တဲ့ စင်ကာပူ ဖိုက်တာ အိန်ဂျလာလီနဲ့ တရုတ်ဖိုက်တာ Xiong Jing Nan တို့ရဲ့ ပွဲကတော့ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ပြိုင်ပွဲကျင်းပရေးကော်မတီက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

 

လီနဲ့တရုတ်ဖိုက်တာ Xiong Jing Nan တို့ပွဲက အဓိက ခေါင်ပွဲဖြစ်သလို One Championship ရဲ့ သမိုင်းတစ်လျှောက်မှာ အထူးခြားဆုံး ပွဲ တစ်ပွဲ ဖြစ်လာမှာပါ။

play
Photo - One Championship

 

အကြောင်းကတော့ လီက လက်ရှိ အက်တမ်ဝိတ်တန်းရဲ့ချန်ပီယံ ဖြစ်သလို အခုတစ်ကြိမ်မှာလည်း တရုတ်ဖိုက်တာ Xiong Jing Nan ထံက စတားဝိတ်တန်း ခါးပတ်ကို စိန်ခေါ်လာတာပါ။

ဒီလို စိန်ခေါ်ရာမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ One Championship ရဲ့ သမိုင်းမှာ ပထမဆုံး ခါးပတ်နှစ်ခုပိုင်ဆိုင်မယ့် အမျိုးသမီးဖိုက်တာ အဖြစ် မှတ်တမ်းဝင်လာမှာပါ။

play
Photo - One Championship

 

ဒါပေမယ့်လည်း အခုချိန်မှာတော့ စိန်ခေါ်သူ စင်ကာပူနိုင်ငံသား လီအနေနဲ့ ပြီးခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းမှာ နောက်ကျော ဒဏ်ရာ ပြင်းထန်စွာခံစားလိုက်ရတာကြောင့် ဆရာဝန်က ပြိုင်ပွဲကို ၀င်ပြိုင်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ဒါကြောင့်လည်း ပြိုင်ပွဲကျင်းပရေး ကော်မတီက လီကို ပြိုင်ပွဲက ၀င်ရောက်မယှဉ်ပြိုင်တော့မှုကို ခွင့်ပြုပေးလိုက်ပြီဖြစ်တာကြောင့် Xiong Jing Nan လည်း စင်ကာပူမှာ ထိုးသတ်မယ့် ၉ ရက်နေ့ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

play
Photo - One Championship

 

"ကျွန်တော့်အနေနဲ့ ဒီသတင်းကို ကသိကအောက်ဖြစ်စွာနဲ့ပဲ ထုတ်ပြန်ပေးရမှာပါပဲ၊အဲ့ဒါကတော့ စင်ကာပူမှာ ကျင်းပမယ့် အဓိက ခေါင်ပွဲဖြစ်တဲ့ လီနဲ့ ဇီဂျင်နန်တို့ပွဲကိုတော့ ဖျက်သိမ်းလိုက်ပါပြီ။လီအနေနဲ့ ပြိုင်ပွဲဝင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိတော့လို့ ဖြစ်ပါတယ်။" လို့ Once Championshipရဲ့ ဥက္ကဌ Chatri Sityodtong ကိုယ်တိုင်က ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြလာတာပါ။

အခုလို လီရဲ့ ကျောဒဏ်ရာအပေါ်မှာတော့ ဆရာဝန်က သင်္ကာမကင်းဖြစ်နေတယ်လို့ One ကဖော်ပြထားပြီး အကြောင်းကလည်း မနှစ်က အဝေးပြေးလမ်းမကြီးပေါ်မှာ လီအနေနဲ့ ကားအက်စီးဒင့်ဖြစ်ထားခဲ့တာဖြစ်ပြီး အဲ့ဒီအရှိန်ကြောင့်သာ အခုလို ကျောဒဏ်ရာ ပြန်လည်ရရှိတယ်လို့ ဆရာဝန်က ထင်မြင်နေပါတယ်။

အခုပွဲပျက်ခဲ့လို့ ၉ ရက်နေ့မှာ ကျင်းပမယ့် ပွဲမှာတော့ အဓိက ခေါင်ပွဲအဖြစ် ဘန်တမ် ၀ိတ်တန်းချန်ပီယံ ဘီဘီယာနိုဖာနန်ဒက်စ်နဲ့ ကြားဖြတ် ဘန်တမ် ၀ိတ်တန်း ချန်ပီယံ ကီဗင်ဘယ်လင်ဂွန်းတို့ရဲ့ပွဲ ဖြစ်လာပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD