စင်ကာပူနိုင်ငံမှာ ဒီကနေ့ ကျင်းပသွားခဲ့တာပါ။

ဘရာဇီးက ဘီဘီယာနို ဖာနန်ဒက်စ်နဲ့ ယှဉ်ပြိုင်ထိုးခဲ့ရတာ ဖြစ်ပြီး နောက်ဆုံး ၅ ချီပြည့်တဲ့အထိ အနိုင်အရှုံး မပေါ်ခဲ့လို့ ဒိုင်လူကြီးတွေရဲ့ ရမှတ် ဆုံးဖြတ်ချက်နဲ့ ကီဗင်ဘယ်လင်ဂွန်း ဘန်တမ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။

 

One Championship က Heart Of The Lion ခေါင်းစဉ်နဲ့ စင်ကာပူနိုင်ငံမှာ MMA ပြိုင်ပွဲကို ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပြီး စုစုပေါင်း တွဲဆိုင်း ၁၃ တွဲပါဝင်ခဲ့ပါတယ်။

UFC က ချန်ပီယံဖိုက်တာနှစ်ယောက် One Championship ကို ကူးပြောင်းလာ 

မူလက စင်ကာပူကစားသမား အိန်ဂျလာလီက တရုတ်က ဖိုက်တာနဲ့ ထိုးသတ်မယ့် အဓိက ခေါင်ပွဲပါဝင်ထားတာ ဖြစ်ပေမယ့်လည်း လီအနေနဲ့ လေ့ကျင့်ရေး ကာလအတွင်း နောက်ကျော ဒဏ်ရာရသွားလို့ ပွဲကို ဖျက်လိုက်ရတယ်လို့သိရပါတယ်။

 

ဒါကြောင့် ဒီကနေ့မှာတော့ အဓိက ခေါင်ပွဲအဖြစ် ဘရာဇီးက ဘီဘီယာနိုဖာနန်ဒက်စ်နဲ့ ဖိလစ်ပိုင်က ကီဗင်ဘယ်လင်ဂွန်းတို့ရဲ့ ပွဲစဉ်ဖြစ်လာပြီး စ င်ကာပူနိုင်ငံသား အိန်ဂျလာလီရဲ့ မောင် ခရစ္စတီယန်းလီကတော့ ဂျပန်က ကာဇူကီနဲ့ ထိုးသတ်သွားပါတယ်။

ပထမဆုံး ထိုးသတ်တဲ့ပွဲမှာ ကမ္ဘောဒီးယားက မီယက်စ်ကို နယ်သာလန်က အန်တိုနီက အနိုင်ယူခဲ့သလို ဒုတိယုပွဲဖြစ်တဲ့ မလေးက ဆမ်ဆူဒင်နဲ့ တရုတ်က ဇီဘင်တို့ပွဲမှာတော့ ဇီဘင်က ပထမအချီမှာပဲ အနိုင်ရခဲ့ပါတယ်။

 

တတိယပွဲအဖြစ် မလေးက မိုဟာမက်အီမန်နဲ့ ဂျပန်က ကာမီကူဘိုတို့ ထိုးသတ်ခဲ့ကြပြီး နှစ်ဦးစလုံးက အချုပ်ကွက်ကို ဦးစားပေးတိုက်ခိုက်ခဲ့ကြပါ တယ်။

အချုပ်တိုက်ကွက်နဲ့ ဂျပန် ကစားသမား အကြိမ်ကြိမ် ကြိုးပမ်းပေမယ့်လည်း မလေးရှားဖိုက်တာက အကြိမ်ကြိမ် ဖြည်နိုင်ခဲ့လို့ နောက်ဆုံးမှာ တော့ အမှတ်နဲ့သာ အနိုင်ရရှိခဲ့ပါတယ်။

၄ ပွဲမြောက် ပွဲက မွေထိုင်းပွဲတစ်ပွဲဖြစ်ပြီး ထိုင်းက စီရမ်ချိုင်နဲ့ ဆိုက်ပရက်စ်က ပန်နီကော့စ်တို့ ထိုးသတ်ခဲ့ပြီး ထိုင်းက စီရမ်ချိုင်က အမှတ်နဲ့ပဲ အနိုင်ရရှိသွားပါတယ်။

ဆက်လက်ပြီး ထိုင်းကပဲ အိန္ဒိယကစားသမားကို လည်ပင်းချုပ်ကွက်နဲ့ ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်။ တောင်ကိုရီးယားက ဆန်ဂျောင်လီးနဲ့ အမေ ရိကန်က ဂယ်ရီတို့ပွဲမှာလည်း အမေရိကန်က ဂယ်ရီက ဒုတိယအချီမှာပဲ ချုပ်ကွက်နဲ့ အနိုင်ရရှိသွားပါတယ်။

စကော့တလန်နဲ့ ရုရှားနဲ့ အားပြိုင်တဲ့ပွဲကတော့ ဒီနေ့ပွဲရဲ့ အမြန်ဆုံး ပွဲသိမ်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပြီး ပထမအချီစလို့ တစ်မိနစ် မပြည့်ခင်မှာပဲ ရုရှားက အလာဗာဒီက အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ပွဲကတော့ မွေထိုင်းပွဲဖြစ်ပြီး ထိုင်းက စမိုကင်က စကော့တလန်ကပဲ ဂျောဂျီကို အမှတ်နဲ့ အနိုင်ယူသွားပြန်ပါတယ်။

စင်ကာပူနိုင်ငံအတွက် အိမ်ရှင်ပွဲမှာ ဂုဏ်ဆောင်ပေးခဲ့တဲ့သူကတော့ တစ်ဖနီတီအို ဖြစ်ပြီး ဘရာဇီးက မစ်ချယ်လီကို အမှတ်နဲ့ အနိုင်ယူသွားတာ ဖြစ်ပါတယ်။ဒီပွဲက ဒီကနေ့ပွဲရဲ့ တစ်ပွဲတည်းသော အမျိုးသမီး တွဲဆိုင်းလည်း ဖြစ်ပါတယ်။

အိန်ဂျလာလီရဲ့ မောင်ကလည်း ဂျပန်က ကာဇူကီကို အလဲထိုး အနိုင်ရပြီး စင်ကာပူ ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ဆုံးပွဲဖြစ်တဲ့ ဘန်တမ်ဝိတ်တန်း အရှင်သခင်လုပွဲမှာတော့ အကြိတ်အနယ်ရှိခဲ့ပြီး နောက်ဆုံး ၅ ချီထိ ကြည့်ရှုခဲ့ကြရပါတယ်။

ဘရာဇီးက ဖာနန်ဒက်စ်က ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် လျင်မြန်လှတဲ့ ကီဗင်ကို မချုပ်နိုင်တာကြောင့် နောက်ဆုံးမှာ အမှတ်နဲ့ အရှုံး ပေးခဲ့ရပြီး ဘန်တမ်ဝိတ်တန်းရဲ့ ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးလိုက်ရပါတယ်။

ဒါကြောင့် One Championship ရဲ့ ၂၀၁၈ ခုနှစ်မှာ ဘန်တမ်ဝိတ်တန်းရဲ့ ချန်ပီယံကတော့ ဖိလစ်ပိုင်နိုင်ငံသား ကီဗင် ဘယ်လင်ဂွန်း ဖြစ်လာပါ တယ်။

Share

Loading Next Article...
က္က