အဝါနဲ့ အပြာ ၂ ဖွဲ့စလုံးမှာ ထိပ်ဆုံးက ပန်းဝင်ခဲ့တာပါ။

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေက Ngwe Saung Yacht Club & Resort မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Optimist Asian & Oceanian Championship ၂၀၁၈ ပြိုင်ပွဲ ပထမနေ့မှာ ထိုင်းနိုင်ငံရွက်လှေသမားတွေက ဦးဆောင်နိုင်ခဲ့ပါတယ်။

Optimist Asian & Oceanian Championship ၂၀၁၈ ပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပေမယ့် ပြိုင်ပွဲယှဉ်ပြိုင်နိုင်လောက်တဲ့ လေတိုက်ခတ်မှုနှုန်း မရရှိခဲ့တဲ့အတွက် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ကို ပြိုင်ပွဲ ပထမနေ့အဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ပြိုင်ပွဲပထမနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရွက်လှေတွေကို ရာသီဥတုအခြေအနေအရ မနက် ၈ နာရီတိတိမှာ ကမ်းကနေ ထွက်ခွာစေခဲ့ပြီး လေတိုက်နှုန်းမှာ 5-6 Knots ခန့် တိုက်ခတ်နေခဲ့တာကြောင့် ပြိုင်ပွဲကျင်းပနိုင်တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ လှိုင်းလုံးကြီးတွေကြောင့် အဝါရောင်ရွက်လှေအုပ်စုဟာ သတ်မှတ်ထားတဲ့ အမှတ် (၁)နေရာကို သတ်မှတ်အချိန် ၃၀ မိနစ်အတွင်း မရောက်ရှိနိုင်ခဲ့သလို နောက်ကနေ လိုက်ပါလာတဲ့ အပြာရောင်ရွက်လှေအုပ်စုလည်း ပွဲစဉ်ကို မယှဉ်ပြိုင်နိုင်ဘဲ ခေတ္တရပ်နားခဲ့ရပါတယ်။

565A0662.jpg

Photos: Win Htoo Aung

ပြိုင်ပွဲကျင်းပရေးကော်မတီက နေ့ခင်း ၁၁ နာရီ ၂၀ မိနစ်အချိန်မှာ လေတိုက်ခတ်နှုန်း အားကောင်းလာပြီး လှိုင်းငြိမ်လာတာကြောင့် ပြိုင်ပွဲကို ပြန်လည်စတင်စေခဲ့ရာမှာ ရွက်လှေ ၃ စင်းဟာ Black Flag Disqualification(BFD) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဝါရောင်ရွက်လှေအုပ်စုရဲ့ပထမပွဲစဉ်အဆုံးမှာတော့ ထိုင်းရွက်လှေအသင်းက ထိပ်ဆုံး ၄ နေရာကို ဦးဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ထက်လင်းဇော်က ဆဌမမြောက်နေရာကနေ ပန်းဝင်ခဲ့ပါတယ်။

အပြာရောင်ရွက်လှေအုပ်စုကတော့ အဝါရောင်ရွက်လှေအုပ်စုပွဲစဉ်အပြီး ၁၀ မိနစ်မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပွဲစဉ်မှာ ရွက်လှေ ၁ စင်း Black Flag Disqualification(BFD) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သတ်မှတ်နေရာ အမှတ် (၁)ကို ပထမဆုံးရောက်ရှိတဲ့သူကတော့ ထိုင်းနိုင်ငံမှ ဘိုဝန်နန်ချန်ရန်ဖြစ်ပြီး တရုတ်နိုင်ငံက ဒုတိယ၊ တတိယနဲ့ စတုတ္ထနေရာကနေ အစဉ်အလိုက် ရောက်ရှိခဲ့ပါတယ်။ ယင်းအချိန်မှာပဲ လေတိုက်ခတ်မှု ငြိမ်သက်သွားတဲ့အတွက် သတ်မှတ်နေရာ အမှတ် (၃)အကွာအဝေးကို အနည်းငယ်ချုံ့ပြီး ယှဉ်ပြိုင်ခဲ့ရာ ပွဲအဆုံးသတ်အထိ ဘိုဝန်နန်ချန်ရန်က ပထမနေရာကို ထိန်းသိမ်းပြီး ပန်းဝင်နိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယနေရာကနေ တရုတ်နိုင်ငံမှ ဂန်ဆီရီ၊ ဝမ်ရှီဟောင်တို့ ပန်းဝင်ခဲ့ကြပြီး စတုတ္ထနေရာကနေ စင်ကာပူမှ ဖိတ်သ်ဟေလေ၊ ပဉ္စမနေရာကနေ ထိုင်းနိုင်ငံမှ မီကာဘာနူဘန်တို့က ပန်းဝင်ခဲ့ပါတယ်။

ပထမပွဲစဉ် ယှဉ်ပြိုင်အပြီးမှာ လေတိုက်ခတ်မှု လုံးဝမရှိတော့တာကြောင့် ပွဲစဉ်ရပ်နားခဲ့ရပြီး ပြိုင်ပွဲစတင်တဲ့ ၂ ရက်တာကာလအတွင်း ပြိုင်ပွဲ ၁ ပွဲသာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ယနေ့မှာတော့ တစ်ဦးချင်းပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်နေပြီး အဖွဲ့လိုက်ပြိုင်ပွဲများကိုလည်း အချိန်ပြန်လည်သတ်မှတ်ပြီး ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

2018 Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲကို သတ်မှတ်ထားတဲ့ရက်အတိုင်း ပွဲစဉ်တွေ ဆက်လက်ကျင်းပသွားမယ်လို့ သိရပြီး ပွဲစဉ်အားလုံးပြီးဆုံးမှ ရလဒ်တွေကို စုပေါင်းတွက်ချက်ပြီး ဆုချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ 2018 Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ရွက်လှေကစားသမားပေါင်း ၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်နေပါတယ်။

Share

Loading Next Article...
က္က