ဗိုလ်လုပွဲ ၃ ကြိမ် ယှဉ်ပြိုင်ခဲ့တာပါ။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ 2018 Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲအဖြစ် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ အသင်းလိုက်ရွက်လှေပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ အသင်းလိုက်ရွက်လှေပြိုင်ပွဲကို ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဖိုင်နယ်ပြိုင်ပွဲမှာ တရုတ်နိုင်ငံကိုယ်စားပြုအသင်းနဲ့ ထိုင်းနိုင်ငံကိုယ်စားပြုအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြပါတယ်။



565A1195.jpg

Photos: Win Htun Aung

 

တတိယနေ့ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစားနှစ်မျိုးဖြစ်တဲ့ အသင်းလိုက်ပြိုင်ပွဲနဲ့ တစ်ဦးချင်းပြိုင်ပွဲများကို တစ်ရက်တည်းမှာ အချိန်ခွဲပြီး ကျင်းပပြုလုပ်ခဲ့ရာ အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ထိုင်းနဲ့ တရုတ်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဗိုလ်လုပွဲကို ၃ ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ ပထမအကြိမ်မှာ ထိုုင်းအသင်းက အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ်မှာ တရုတ်အသင်း၊ တတိယအကြိမ်မှာ ထိုင်းအသင်းကပဲ ထပ်မံအနိုင်ရရှိခဲ့တာကြောင့် ထိုင်းအသင်းက ပထမရရှိခဲ့ပြီး တရုတ်အသင်းက ဒုတိယ၊ စင်ကာပူအသင်းက တတိယရရှိခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

တစ်ဦးချင်းရွက်လှေပြိုင်ပွဲတွေကို နေ့လယ် ၂ နာရီခန့်မှာ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ပြီး အဝါရောင်ရွက်လှေအုပ်စု (Yellow Fleet) နဲ့ အပြာရောင်ရွက်လှေအုပ်စု (Blue Fleet) ၂ ဖွဲ့ခွဲပြီး Qualifying Series Race 5 နဲ့ Race 6 ဆိုပြီး ပြိုင်ပွဲ ၂ ပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။တစ်ဦးချင်းရွက်လှေပြိုင်ပွဲ Qualifying Series Race 5 ပွဲအပြီး အဝါရောင်ရွက်လှေအုပ်စု (Yellow Fleet) မှာ တရုတ်နိုင်ငံမှ Gang Siyi က ထိပ်ဆုံးကနေ ပန်းဝင်လာခဲ့ပြီး၊ သူ့နောက်မှာ ထိုင်းနိုင်ငံမှ Bowonnan Chanram ၊ USA မှ Stephen Momeier ၊ တရုတ်နိုင်ငံမှ Zheng Hongyu ၊ နယူးဇီလန်နိုင်ငံမှ Noah Malpot တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြပါတယ်။

Photos: Win Htun Aung

 

အပြာရောင် ရွက်လှေအုပ်စု (Blue Fleet) မှာ ထိုင်းနိုင်ငံမှ Panwa Boonnak က ထိပ်ဆုံးကနေ ပန်းဝင်လာခဲ့ပြီး အိုမန်နိုင်ငံမှ Mohammed Al Qasmi ၊ ထိုင်းနိုင်ငံမှ Patihan Vorrasart ၊ Chalisa Krittanai ၊ အိန္ဒိယနိုင်ငံမှ Dawood Qureshi တို့က အသီးသီးအစဉ်လိုက်ပန်းဝင်ခဲ့ပါတယ်။ တစ်ဦးချင်းရွက်လှေပြိုင်ပွဲ Qualifying Series Race 6 ပွဲအပြီး အဝါရောင်ရွက်လှေအုပ်စု (Yellow Fleet) မှာ ထိုင်းနိုင်ငံမှ Bowonnan Chanram က ထိပ်ဆုံးကနေ ပန်းဝင်လာခဲ့ပြီး၊ ထိုင်းနိုင်ငံမှ Jedtavee Yongyuennarn ၊ တရုတ်နိုင်ငံမှ Gang Siyi ၊ Zheng Hongyu ၊ ကနေဒါနိုင်ငံမှ Andreas Steinitz တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြပါတယ်။။ အပြာရောင်ရွက်လှေအုပ်စု (Blue Fleet) မှာ ထိုင်းနိုင်ငံမှ Panwa Boonnak က ထိပ်ဆုံးကနေ ပန်းဝင်လာခဲ့ပြီး ထိုင်းနိုင်ငံမှ M.L.Weka Bhanubandh ၊ သီရိလင်္ကာနိုင်ငံမှ Jehan Charith De Silva ၊ Sahanya Wewita ၊ ဂျပန်နိုင်ငံမှ Manami Deguchi တို့က အသီးသီး အစဉ်လိုက် ပန်းဝင်ခဲ့ကြပါတယ်။

ယခုဖော်ပြခဲ့တဲ့ရလဒ်တွေဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ တတိယနေ့ပြိုင်ပွဲအပြီး ရလဒ်တွေသာဖြစ်ပြီး ယနေ့ ထပ်မံယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တွေ ပြီးဆုံးမှသာ ပွဲစဉ်အားလုံးပေါင်းရလဒ်တွေကို စုပေါင်းတွက်ချက်ပြီး ဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က