ကွင်းလယ်ဒိုင်က ပင်နယ်တီမသတ်မှတ်ပေးခဲ့တာပါ။

ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်ကို ပရိသတ် ၃ သောင်းခန့် လာရောက်အားပေးခဲ့ကြပြီး နှစ်ဖက်ကစားသမားတွေကလည်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပါတယ်။ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပေမယ့် ပင်နယ်တီမရရှိခဲ့တဲ့အပေါ်မှာ ဗီယက်နမ်အသင်းနည်းပြက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



 

မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို ဒုတိယပိုင်းမှာ ခပ်ကြမ်းကြမ်းတုံ့ပြန်ကစားပြီး ဗီယက်နမ်အသင်းကစားကွက်တည်မရအောင် ကြိုးပမ်းခဲ့ပါတယ်။ ဗီယက်နမ်အသင်းဟာ ဒုတိယပိုင်းအစမှာ ကစားသမား ၂ ဦးအထိ အပြောင်းအလဲပြုလုပ်ပြီး ကစားအားကို မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ဂိုးသမား ကျော်ဇင်ထက်ဟာ ယနေ့ပွဲစဉ်မှာ ဗီယက်နမ်အသင်းရဲ့ ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းမှု ၃ ကြိမ်စလုံးကို အံ့အားသင့်ဖွယ် လက်စွမ်းပြ ကာကွယ်ခဲ့သလို မြန်မာအသင်းနောက်ခံကစားသမားတွေကလည်း ဗီယက်နမ်အသင်းတိုက်စစ်မှူးတွေကို အလွှတ်မပေးဘဲ လူကပ်ကစားနိုင်ခဲ့ပါတယ်။

 

ဗီယက်နမ်အသင်းရဲ့ကစားသမားတွေကို ပင်နယ်တီဧရိယာထဲမှာ မြန်မာအသင်း ဂိုးသမားနဲ့ နောက်ခံကစားသမားတို့က ဖျက်ထုတ်ခဲ့တဲ့ဖြစ်စဉ် ၂ ကြိမ်စလုံးမှာ ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ခြင်းမရှိတာနဲ့ပတ်သက်ပြီး ဗီယက်နမ်အသင်းနည်းပြ ပတ်ဟန်စီယိုက မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။

ဗီယက်နမ်နည်းပြက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုရှိပေမယ့် ၎င်းအနေနဲ့ ပင်နယ်တီဧရိယာထဲကဖြစ်စဉ်ကို သေချာစွာ မမြင်တွေ့ခဲ့ရတာကြောင့် ဗီဒီယိုရုပ်သံကို ပြန်လည်ကြည့်ရှုပြီး တစ်စုံတရာတွေ့ရှိခဲ့တယ်ဆိုရင် AFF နဲ့ VFF(ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်) နှစ်ခုစလုံးကို စောဒကတက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီနေ့ပွဲစဉ်ရဲ့ ပထမပိုင်းက အသင်းရဲ့ကစားပုံနဲ့ အမှားတချို့အတွက် မကျေမနပ်ဖြစ်မိပါတယ်။ ဒုတိယပိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်"

"ဒါပေမယ့် အဲဒီဖြစ်စဉ်တွေကို ကျွန်တော် သေသေချာချာမမြင်တွေ့လိုက်ရတာကြောင့် ရုပ်သံဗီဒီယိုကို ပြန်လည်ကြည့်ရှုသွားမှာပါ။ ထူးခြားမှုတစ်စုံတရာတွေ့ရှိခဲ့မယ်ဆိုရင် AFF နဲ့ VFF ကို ကျွန်တော် စောဒကတက်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က