AD
AD
AD

ယမန်နေ့ညက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ ONE: GRIT AND GLORY ပြိုင်ပွဲမှာ ဘရာဇီးဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံဆု ၅ ကြိမ်ရရှိထားတဲ့ လီအန်ဒရိုအတိုင်ဒီးစ်က မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း ဘစ်ဒက်ရှ်ကို အလဲထိုးနိုင်ခဲ့ပြီး လာမယ့် ဇွန်လ ၂၉ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် ONE Championship ပြိုင်ပွဲမှာ လက်ရှိ မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်နဲ့ စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့ပါတယ်။

play

လီအန်ဒရိုအတိုင်ဒီးစ်ဟာ မစ်ဒယ်ဝိတ်ချန်ပီယံဟောင်း ဘစ်ဒက်ရှ်ကို သုံးချီမြောက်မှာ အလဲထိုးပြီး အနိုင်ရရှိခဲ့တာဖြစ်ပြီး လက်ရှိ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ လာမယ့်ဇွန်လ ၂၉ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် ONE Championship ပြိုင်ပွဲမှာ စိန်ခေါ်ထိုးသတ်သွားမှာဖြစ်ပါတယ်။

play

 

အောင်လအန်ဆန်က လီအန်ဒရိုအတိုင်ဒီးစ်နဲ့ ထိုးသတ်ရမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားမိကြောင်းနဲ့ ရန်ကုန်မြို့မှာ ထိုးသတ်မယ့်ပွဲစဉ်ကို လာရောက်ကြည့်ရှုအားပေးဖို့ သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

"လီအန်ဒရိုအတိုင်ဒီးစ်နဲ့ ထိုးသတ်ရမယ့်ပွဲစဉ်အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ လက်သီးတွဲလုံး၊ ကန်ချက်၊ ဒူး ဒါမှမဟုတ် ချုပ်ကွက်တွေနဲ့ ပွဲကို အဆုံးသတ်နိုင်တဲ့သူတွေပါ။ အဲဒီပွဲစဉ်ဟာ အရမ်းကို စိတ်လှုပ်ရှားရမယ့်ပွဲစဉ် ဖြစ်လာမှာပါ။ ဇွန်လ ၂၉ ရက်နေ့ ရန်ကုန်မြို့မှာ ထိုးသတ်မယ့်ပွဲစဉ်ကို ဘယ်သူတွေ လာကြည့်ကြမှာလဲ။ အားလုံးအတွက် ကိုယ်စားပြုပြီးတော့ ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ"လို့ အောင်လအန်ဆန်က ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD