ထိုင်းနဲ့ဂျပန် ကပြားလူမျိုးဖြစ်တာကြောင့် ငယ်စဉ်ကတည်းက အများရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါတယ်

လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့် KINGDOM OF HEROES ပြိုင်ပွဲမှာ မြန်မာက အန်တိုနီ ရာနဲ့ ထိုးသတ်မှာ ဖြစ်ပါတယ်။

 

အောက်တိုဘာလ ၆ ရက်နေ့မှာ မြန်မာကိုယ်စားပြု အန်တိုနီယာအနေနဲ့ ထိုင်းနိုင်ငံက ရီကာလို့ အမည်ရတဲ့ တိုက်ခိုက်ရေး သမလေးနဲ့ MMA ပွဲတစ်ခု ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိပါတယ်။

ထိုင်းက လက်ဝှေ့သမလေး ရီကာက ထိုင်းမွေထိုင်းလက်ဝှေ့နဲ့ MMA တိုက်ခိုက်ရေးပညာတို့ကို လေ့လာလိုက်စားပြီး ပွဲအတော်အတန် ထိုးသတ်ထားတဲ့ အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။

Photo - One Championship

 

အသက် ၂၉ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့်လည်း သေးသွယ်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ပြေပြစ်တဲ့ မျက်နှာလေးကြောင့်လည်း ရုတ်တရက် ကြည့်မယ်ဆိုရင် ဖိုက်တာတစ်ယောက်လို့ ထင်မှတ်စရာတောင် မရှိပါဘူး။

ဒီလိုလူတစ်ယောက်က ဘယ်လိုဖြစ်ပြီး တိုက်ခိုက်ရေးလောကထဲကို ရောက်လာရတာလဲဆိုတာက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် တစ်ချက်ပါပဲ။

Photo - South China Morning Post

 

"အမြဲတမ်း ကျောင်းမှာကတည်းက ခန္ဓာကိုယ်က သေးတော့ အဲ့အပေါ်မှာလည်း ကဲ့ရဲ့ အနိုင်ကျင့် ပြောဆိုတာတွေရှိတယ်။နောက်ပြီး ကိုယ်က ထိုင်းနဲ့ဂျပန် ကပြားဆိုတော့ ပိုဆိုးတာပေါ့။ စိတ်တွေလည်း ထိခိုက်ရပါတယ်။ပထမဆုံး အနိုင်ကျင့်ခံရတာကိုလည်း သတိမရနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အငယ်လေးကတည်းက အမြဲတမ်း အနိုင်ကျင့်ခံရပြီး ကြီးပြင်းလာရတာလေ။အဲ့တော့ မမှတ်မိနိုင်တော့ပါဘူး။ကျောင်းမှာဆို လည်း ကျောင်းမှာအလျောက် အမြဲတမ်း စီနီယာတွေရဲ့ အနိုင်ကျင့်ခံရတယ်။" လို့ ရီကာအီချီက သူ့ဘ၀ အစကို ရင်ဖွင့်ခဲ့ပါတယ်။

ရီကာ ဒီလို ဒုက္ခတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုတာ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေက သူ့ဘဝကို စာနာနိုင် လိမ့်မယ်လို့ ယူဆမိပါတယ်။

Photo - One Championship

 

ဘဝတစ်လျှောက်လုံးမှာလည်း ခန္ဓာကိုယ်သေးသိမ်တဲ့အပေါ် အမျိုးမျိုးလှောင်ပြောင်ခံခဲ့ရပြီး စိတ်ပျက်ဖွယ်ကောင်းတဲ့ နာမည်တွေလည်း သူတို့ တွေ တပ်ခေါ်ကြတယ်လို့လည်း ရီကာက ပြောပါသေးတယ်။

"tinydoll" အရုပ်သေးသေးလေးလို့ နာမည်ပြောင် ခေါ်တွင်တဲ့ ရီကာက ကျောင်းမှာဆိုရင်လည်း ဆရာ၊ဆရာမတွေရဲ့ ကူညီဖြေရှင်းပေးမှုကို မရ တဲ့အပြင် တစ်စုံတစ်ရာ အကူအညီလည်း လုံးဝမရရှိခဲ့ပြန်ပါဘူး။

Photo - One Championship

 

" ကျွန်မကိုယ်ကျွန်မကြည့်ပြီး အခြားသူတွေအတွက် ပြောချင်တာက မင်းမှာ သူများနဲ့မတူတဲ့ အခြားတစ်ခုခုရှိနေမယ်၊ဒါမှမဟုတ် အားနည်းချက် တစ်ခုရှိနေမယ်ဆိုရင် မင်းဟာ အနိုင်ကျင့်ခံရဖို့ ဦးတည်ခံနေရပါပြီ။" လို့လည်း ပြောခဲ့ပါတယ်။

ဒီလို အနိုင်ကျင့်မှုတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် ရီကာတစ်ယောက် အဖြေရှာ ကြိုးပမ်းခဲ့ရာမှာတော့ သူ့ကို အနိုင်ကျင့်နေသူတွေကို ပြန်လည် ခုခံဖို့ဆိုရင် အနိုင်ကျင့်လို့မရမယ့် အခြေအနေတစ်ခုမှာရှိဖို့လိုမယ်လို့ သူတွေးခဲ့ပါတယ်။

Photo - One Championship

 

ဒါကြောင့်လည်း အသက် ၁၄ နှစ်အရွယ်ကစပြီး MMA ပညာရပ်ဖြစ်တဲ့ ဒီတိုကက်ခိုက်ရေး ပညာကို စတင်လေ့လာလိုက်စားဖြစ်ခဲ့ပါတော့တယ်။ ဒီအရာက သူမကရဲ့ ပြဿနာအချို့ကို ပြေလည်စေနိုင်မယ်လို့ သူမတွေးထင်ခဲ့တယ်လေ။

" ဒီလိုမျိုး ကိုယ်ခံပညာသိုင်းပေါင်းစုံကို လေ့ကျင့်ရတာက လူတွေကို နာကျင်စေဖို့မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အတွက်ပဲ လေ့ကျင့် ခဲ့တာပါ။အဲ့လိုနဲ့ အာကီဒိုနဲ့ ကရာတေးကိုလည်း ဆက်လက်ဆည်းပူးဖြစ်ခဲ့ပါတယ်။" လို့ ရီကာက ပြောပြပါတယ်။

Photo - One Championship

 

အဲ့ဒီနောက်မှာတော့ သူမက ခန္ဓာကိုယ်ကြံ့ခိုင်မှုသာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း သန်မာလာခဲ့ပြီး သူ့ကို တစ်ချိန်က အနိုင်ကျင့်ခဲ့သူတွေ ကလည်း သူ့ထက် တစ်ဖြည်းဖြည်းနဲ့ ပိုပြီး အားနည်းသူတွေ ဖြစ်လာပါတော့တယ်။

အခုချိန်မှာတော့ ရီကာအီချီအနေနဲ့ One Championship မှာ ရွှေခါးပတ်ချန်ပီယံ တစ်ယောက် ဖြစ်လာဖို့ စတင် ကြိုးစားနေပြီလည်း ဖြစ်လာခဲ့ ပါပြီ။

Photo - One Championship

 

ရီကာကတော့ သူ့တစ်ဘဝလုံး အနိုင်ကျင့်ခံခဲ့ရတဲ့ အဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ကြီးက ကမ္ဘာတစ်ဝန်းက ကျောင်းတွေမှာ အလွန်အမင်း ခေတ်စားနေတဲ့ အခြေအနေတစ်ခုအဖြစ် ရှိနေပါသေးတယ်။

ဒီအချိန်မှာ ရီကာ တစ်ယောက် သိလိုက်တာက ဘယ်သူမှ ဘယ်သူ့အတွက်မှ ပြောင်းလဲပေးလို့မရပဲ ကိုယ်ကိုယ်တိုင် ပြောင်းလဲမှသာ ကိုယ့် အတွက်ပြောင်းလဲမယ်ဆိုတာ သူမ နားလည်ခဲ့ရပါတယ်။

Photo - One Championship

 

အခုလို ရဲဝံ့စွာ ဘဝကို ပြောင်းလဲရုန်းကန်ခဲ့တဲ့ ရီကာတစ်ယောက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်က နာမည်ကြီး အားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့ One Championship ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ တိုက်ခိုက်ရေး အားကစားသမားတစ်ယောက်အဖြစ် ဘဝကို ရပ်တည်နေပါပြီ။

နောက်ဆုံး ထိုးသတ်ထားတဲ့ ၅ ပွဲမှာလည်း ၃ ပွဲနိုင်ပြီး ၂ပွဲရှုံးထားတဲ့ အတွေ့အကြုံကောင်းတွေကိုလည်း ပိုင်ဆိုင်ထားသလို အခုဆိုရင်လည်း လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာတော့ မြန်မာက အန်တိုနီရာနဲ့ ဘန်ကောက်မှာ ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။

Photo - One Championship

 

ရီကာရဲ့ ဘဝကို အတုယူပြီး အနာဂတ် လူငယ်တွေ ဘဝကို အနိုင်ကျင့်မခံရအောင် စွမ်းဆောင်ရပ်တည်ကြဖို့ အသိပေးလိုက်ပါရစေ။အနိုင်ကျင့် ခံရပြီဆိုရင်လည်း ရီကာက သူယုံကြည်ရာ ရွေးချယ်ပြီး ရုန်းထွက်ခဲ့သလို မိမိတို့ကလည်း ကိုယ်ယုံကြည်ရာ အရာတစ်ခုခုကို အောင်မြင်အောင် ကြိုးစားပြီး ရုန်းထွက်လို့ရတယ်ဆိုတာ သိလိုက်ရပါတယ်။ သေချာတာကတော့ ဘယ်သူမှ အနိုင်ကျင့်မခံချင်ကြပါဘူး။

Share

Loading Next Article...
က္က