ဒီကနေ့ ကျင်းပခဲ့တဲ့ summit မှာ စီအီးအိုက အခုလိုပြောခဲ့တာပါ။

ဗစ်ဒစ်ရှ်နဲ့စတင်ထိုးသတ်တဲ့ ပထမဆုံး မြန်မာနိုင်ငံပွဲမှာတင် အောင်လကို အားပေးကြတဲ့ ပရိသတ်တွေက ကွင်းအတွင်းသာမက ဆိုရှယ်မီဒီယာနဲ့ တစ်နိုင်ငံလုံးဆိုတာကို သိလိုက်ရတယ်လို့ စီအီးအို ချက်ထရီက ပြောခဲ့တာပါ။



 

မြန်မာနိုင်ငံကို One Championship က MMA ပြိုင်ပွဲတွေကို ၂၀၁၆ ခုနှစ်လောက်ကမှ သယ်ဆောင်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ၂ နှစ် ကျော် သက်တမ်းကို ရောက်ရှိလာခဲ့ပါပြီ။

UFC က ချန်ပီယံဖိုက်တာနှစ်ယောက် One Championship ကို ကူးပြောင်းလာ 

အောင်လအန်ဆန်အနေနဲ့ မြန်မာနိုင်ငံမှာ ၅ ပွဲတိတိ ထိုးသတ်ပြီးခဲ့ပြီ ဖြစ်ပြီး ၅ ပွဲစလုံးကို အနိုင်ယူထားနိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မစ် ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းရဲ့ ရွှေခါးပတ်ချန်ပီယံပိုင်ရှင်လည်း ဖြစ်ပါတယ်။

 

ပထမဆုံး One Championship အနေနဲ့ မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ ပွဲကတော့ အောင်လအန်ဆန်နဲ့ ဗစ်တလီဗစ်ဒစ်ရှ်တို့ရဲ့ မစ်ဒယ် ဝိတ်ခါးပတ်လုပွဲဖြစ်ပါတယ်။

အဲ့ပွဲမှာ အောင်လအန်ဆန်က ပွဲချီပြည့်ထိုးပြီး ဗစ်ဒစ်ရှ်ကို အမှတ်နဲ့အနိုင်ယူကာ ပထမဆုံး မစ်ဒယ်ဝိတ် ရွှေခါးပတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။ အဲ့ နောက်မှာတော့ အောင်လအန်ဆန်အနေနဲ့ အလွတ်တန်းပွဲအဖြစ် ဟဲဗီးဝိတ်က အလိန်းအန်ဂါလာနီနဲ့ ဆက်လက်ထိုးသတ်ခဲ့ရာမှာလည်း အနိုင်ရခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ အလက်ဇန္ဒား မချာဒိုကို ထပ်မံ အနိုင်ယူပြီး လစ်လပ်နေတဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို ထပ်မံ ပိုင်ဆိုင်ခဲ့လို့ ခါးပတ်နှစ်ခု ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မစ်ဒယ်ဝိတ် ခါးပတ်ကို နှစ်ကြိမ်အထိ ပြန်လည်ကာကွယ်ထားနိုင်ပြီ ဖြစ်ပြီး ဂျပန်က ကမ်ဟာဆီဂါဝါနဲ့ လက်ဘနွန်က ခရာကီတို့ အရှုံးပေးထားရတာပါ။

 

ဒီကနေ့မှာတော့ One Championship ရဲ့ Summit ကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး One ရဲ့ တည်ထောင်သူလည်း ဖြစ် စီအီးအိုလည်း ဖြစ်သူ မစ္စတာ ချက်ထရီကတော့ မြန်မာနိုင်ငံကို စတင် ခြေလှမ်းခဲ့စဉ်ကတည်းက အောင်လကို တစ်ခဲနက် အားပေးကြတဲ့ ပရိသတ်ထုကြီးကို အခုထိ အံ့မခန်းဖြစ်နေတယ်ဆိုတဲ့အကြောင်း အကျယ်တဝင့် ထုတ်ဖော်ပြောခဲ့ပါတယ်။

" ကျွန်တော်တို့ ပွဲကို လုပ်တဲ့အခါ ပွဲကြည့်စင်တစ်ခုတည်းမှာမဟုတ်ပဲ ရှိရှိသမျှ ကြည့်လို့ရမယ့် မီဒီယာ ချန်နယ်တွေတိုင်းကနေ အားပေးကြ တယ်၊ရုပ်သံလိုင်းတွေ နေရာတိုင်းကနေ အောင်လကို အားပေးတာ သိရတယ်။ဆိုရှယ်မီဒီယာမှာဆိုရင်တော့ ပြည့်ကျပ်နေအောင်ပါပဲ။ပွဲနေ့မှာ ဆိုရင်လည်း ရုံထဲမှာ လူ၄၀၀၀ လောက်က အောင်လ..အောင်လ...အောင်လ ဆိုပြီး မနားမနေ အားပေးနေတာ ချန်ပီယံ ဗစ်ဒစ်ရှ်က အောင်လ ကို အရှုံးပေးလိုက်ရတဲ့အထိကို အောင်လအတွက် အားဖြစ်စေခဲ့တာတွေ့ရပါတယ်။ ပွဲအပြီးမှာလည်း အောင်လက ဒီခါးပတ်က သူ့ကြောင့်ချည်း မဟုတ်ပဲ အားလုံးရဲ့ တစ်စုတစ်စည်းတည်း ညီညွတ်ခဲ့ကြလို့ ရတာပါလို့ ပရိသတ်ကို စကားပြန်ပြောတာတွေက တစ်ကယ့်ကို ကျောချမ်းစေရပါ တယ်။ဒီအရာကို ကြည့်ပြီး ကျွန်တော်တို့ ဘာသိလိုက်လဲဆိုတော့ အိပ်မက်တိုင်းက အကောင်းအထည်ဖော်နိုင်ပါတယ်။"လို့ One Championship ရဲ့ တည်ထောင်သူ စီအီးအို ချက်ထရီ က ပြောခဲ့ပါတယ်။

အောင်လအန်ဆန်ကိုယ်တိုင်လည်း ဒီ summitကို တက်ရောက်ခဲ့ပြီး ဆွေးနွေးပါဝင်ခဲ့သလို ဒီကနေ့ ညမှာ ကျင်းပပြုလုပ်မယ့် 2018 GLOBEL MMA AWARDS CEREMONYကို တက်ရောက်မှာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး MMA ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေပြီး မြန်မာနိုင်ငံကိုတော့ နိုဝင်ဘာလကုန်မှာ လူမှုရေး လုပ်ငန်းအချို့နဲ့ MMA သင်တန်း အချို့ဖွင့်လှစ်ပေးနိုင်ဖို့ လာရောက်မယ်လို့ သိထားရပါတယ်။

နောက်ထပ် ခါးပတ်ကာကွယ်ပွဲကလည်း ဂျပန်နိုင်ငံမှာ ထိုးသတ်ရမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီတစ်ကြိမ်ကတော့ လိုက်ဟဲဗီးဝိတ်ခါး ပတ်ကို ကာကွယ်ပွဲထိုးရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က