AD
AD
AD

မြန်မာ့လက်ဝှေ့လောကကို ကမ္ဘာက သိလာချိန်မှာ မြန်မာ့လက်ဝှေ့ကို လာရောက်ယှဉ်ပြိုင်မှုတွေ ရှိနေသလို မြန်မာလက်ဝှေ့သမားများစွာ လည်း နိုင်ငံတကာ ပြိုင်ပွဲအတော်များများကို ၀င်ရောက်ယှဉ်ပြိုင်ထိုးသတ်လျက်ရှိနေကြပါတယ်။

play

 

မြန်မာလက်ဝှေ့သမားများဖြစ်ကြတဲ့ ဖိုးသော်၊စောဘဦး အစရှိတဲ့ လက်ဝှေ့သမားများစွာဟာ ယခု ခေတ်စားနေတဲ့ MMA ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံက အောင်လအန်ဆန်ကတော့One Championship ရဲ့ ပြိုင်ပွဲတွေမှာ မတူညီတဲ့ ၀ိတ်တန်း နှစ်ခုရဲ့ ရွှေခါးပတ် ပိုင်ရှင် အဖြစ် ရပ်တည်နေပါတယ်။

play

 

ယခုလည်း One Championship  နည်းတူ ကိုယ်ခံပညာပေါင်းစုံသုံးပြီး တိုက်ခိုက်ရတဲ့ UFC ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ကရင်လူမျိုး စောငြိမ်း မောင်ဆိုတာ ပေါ်ထွက်လာခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ယူတီကာမြို့မှာ နေထိုင်လျက်ရှိတယ်လို့ သိရပါ တယ်။

play

 

လက်ရှိမှာတော့ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ UFC ပွဲတစ်ပွဲကို ထိုးသတ်ဖို့ ရှိတယ်လို့ သိရပြီး မြန်မာ့လက်ဝှေ့ ပရိသတ်တွေကတော့ မြန်မာ ပြည်ချန်ပီယံ ဘွဲ့ကို ခံယူထားတဲ့ ဒေ့ဗ်ကို ပြန်လည်အနိုင်ယူနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

၎င်း ယှဉ်ပြိုင်နေတဲ့ UFC ပြိုင်ပွဲမှာ ကမ္ဘာကျော် တိုက်ခိုက်ရေး သမားတစ်ဦးဖြစ်တဲ့ မက်ဂရီဂေါ ပါဝင်ထိုးသတ်နေတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါ တယ်။

ယခုလို UFC ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ထိုးသတ်နေတာကြောင့် အောင်လအန်ဆန် ထိုးသတ်နေတဲ့ MMA One Championship ပြိုင်ပွဲနည်းတူ UFC MMA ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကို သယ်ဆောင်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source- MFFG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD