ဖလိုက်ဝိတ်နဲ့လိုက်ဝိတ်တန်းတွေမှာ အသီးသီးထိုးသတ်သွားကြမှာပါ။

လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ပွဲမှာ စတင်ပွဲထွက်လာကြမှာ ဖြစ်ပြီး နှစ်ဦးစလုံးက ဖလိုက်ဝိတ်နဲ့လိုက်ဝိတ် UFC ချန်ပီယံဟောင်းတွေဖြစ်ပါတယ်။

Photo - The Fight Nation

 

မနေ့က စင်ကာပူနိုင်ငံ မာရီနာဘေးဆန့် ကွန်ဗင်းရှင်း စင်တာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Heart Of The Lion ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ One Championship က ကစားသမားသစ်နှစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

"ဆုလိုချင်လို့ ကစားတာမဟုတ်ဘူး၊မြန်မာပြည်ကလူတွေ ဂုဏ်ယူနိုင်ဖို့ ကစားနေတာ"(အောင်လအန်ဆန်) 

အဲ့ဒီကစားသမားနှစ်ဦးကတော့ အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ ဒီမီထရီယက်ဂျွန်ဆင်နဲ့အက်ဒီအဲဗားရက်စ်တို့ဖြစ်ပြီး ဒီမီထရီကတော့ ဖလိုင်းဝိတ်တန်းမှာ ထိုးသတ်သွားမှာ ဖြစ်ပြီး အဲဗားရက်စ်ကတော့ လိုက်ဝိတ်တန်းမှာ ထိုးသတ်သွားမှာပါ။

Photo - combatpress.com

 

ဒီကစားသမားနှစ်ဦးရဲ့ ထူးခြားချက်ကတော့ နှစ်ဦးစလုံးဟာ အမေရိကန်အခြေစိုက် MMA ပြိုင်ပွဲကျင်းပရေး ကော်မတီတစ်ခုဖြစ်တဲ့ UFC ပြိုင်ပွဲ ကြီးကနေ ကူးပြောင်းလာတာပါ။

UFC ရဲ့ ပြိုင်ပွဲဝင်ကစားသမားတွေဟာ One Championship ကို စိတ်ဝင်စားလာတာဟာ One Championshipရဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမှာ ဖြစ်သလို ပြိုင်ပွဲတွေလည်း အခုထက်ပိုကြမ်းလာနိုင်ဖွယ်ရှိပါတယ်။

နှစ်ဦးစလုံးက ကိုယ်စီ UFC ပြိုင်ပွဲတွေမှာ ချန်ပီယံတွေဖြစ်ပြီး အခုချိန်မှာတော့ One Championship နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် ဒီကစားသမားတွေနှစ်ဦးစလုံးကို One နဲ့အတူ ပထမဆုံးမြင်တွေ့ရမယ့်ပွဲကတော့ လာမယ့် ဖိလစ်ပိုင်မှာ ထိုးသတ်မယ့် ပွဲမှာလို့လည်း သိရပါ သေးတယ်။

ဒီမီထရီယက်ဂျွန်ဆင်ကတော့ UFC မှာ စုစုပေါင်း ပွဲ ၃၀ ကစားထားခဲ့ပြီး ၂၇ ပွဲနိုင်ကာ ၃ ပွဲသာရှုံးနိမ့်ထားခဲ့တဲ့ ချန်ပီယံကောင်းတစ်ယောက်ဖြစ် သလို ထူးခြားချက်ကတော့ ဖလိုက်ဝိတ်ချန်ပီယံခါးပတ်ကို ၁၁ ပွဲဆက်နဲ့ ပွဲဆက်အများဆုံးကာကွယ်ခဲ့ထားနိုင်ခဲ့တဲ့ ဖိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ အက်ဒီအဲဗားရက်စ်ကလည်း UFC ရဲ့ ဘယ်လက်တာ လိုက်ဝိတ်ရဲ့ ၂ ထပ်ကွမ်းချန်ပီယံဟောင်း ဖြစ်သလို လိုက်ဝိတ် တန်းရဲ့ ချန်ပီယံဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုမျိုး One နဲ့ လက်တွဲခွင့်ရတဲ့ အပေါ်မှာ မတွေဝေခဲ့ပဲ ချက်ခြင်းဆိုသလို One ရဲ့ ဖိုက်တာတစ်ယောက်အနေနဲ့ ပါဝင်လာဖြစ်တယ်လို့လည်း ဂျွန်ဆင်ကပြောခဲ့ပါတယ်။

၎င်းတို့နှစ်ဦးပါဝင်ကစားမယ့် ဖလိုက်ဝိတ်နဲ့လိုက်ဝိတ်ခါးပတ်လုပွဲမှာတော့ သူတို့နှစ်ယောက်အပါအဝင် ကစားသမား ၈ ဦးရှိတယ်လို့ သိရပြီး သူတို့ ၈ ဦးကို ကွာတားဖိုင်နယ်၊ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်ပွဲတွေ အသီးသီးကျင်းပပြုလုပ်စေပြီးတော့ ချန်ပီယံ ရွေးချယ်မယ်လို့လည်း One က ထုတ်ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က