AD
AD
AD

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ US Open  အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ စပိန်နိုင်ငံသား ရာဖေး နာဒယ်လ်က အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

play

 

နာဒယ်အနေနဲ့ ဗိုလ်လုပွဲမှာ ပြိုင်ဖက် တောင်အာဖရိက နိုင်ငံသား ကီဗင် အန်ဒါဆင်ကို ၆-၃၊၆-၃၊၆-၄ နဲ့ (၃)ပွဲပြတ်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ အသက် ၃၁ နှစ်အရွယ် ကမ္ဘာ့နံပါတ်(၁) တင်းနစ်ကစားသမား နာဒယ်အနေနဲ့ ယခု ရရှိခဲ့တဲ့ဆုဟာ ၎င်းရဲ့ ၁၆ ကြိမ်မြောက်ရရှိခဲ့တဲ့ ဂရင်းဆလန်း ဆုလည်း ဖြစ်ပါတယ်။

 

ယခုဆုဟာ နာဒယ်အတွက် တစ်နှစ်တည်းမှာ နှစ်ကြိမ်မြောက်ရရှိတဲ့ဂရင်းဆလန်းဆုလည်း ဖြစ်ပြီး ပထမဆုံး ရရှိခဲ့တဲ့ ဆုကတော့ ပြင်သစ် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ဂရင်းဆလန်းပြိုင်ပွဲမှာ ဖြစ်ပါတယ်။

"တစ်ကယ်ကို မယုံကြည်နိုင်စရာ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေ၊ကစားအားလျော့ကျမှုတွေနဲ့ရာသီအစမှာ စတင်ခဲ့ရပေမယ့် အခုလို ကောင်းမွန်တဲ့ အဆုံးသတ်မှုမျိုးနဲ့ ပြီးဆုံးခဲ့ရတဲအတွက် အရမ်းကို ကျေနပ်မိပါတယ်။"လို့နာဒယ်က ပြောခဲ့ပါတယ်။

နာဒယ်အနေနဲ့ ယခုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် ဖလား ၁၆ ခု ဆွတ်ခူးထားနိုင်ပြီဖြစ်ပြီး အအောင်မြင်ဆုံးကစားသမားအဖြစ် ဒုတိယ နေရာမှာ ရပ်တည်နေနိုင်ပြီလည်း ဖြစ်ပါတယ်။ပထမနေရာကိုတော့ ဆွစ်ဇာလန် တင်းနစ်သမားရော်ဂျာ ဖက်ဒါရာက စုစုပေါင်း ချန်ပီယံ ၁၉ ကြိမ်နဲ့ ရပ်တည်နေပါတယ်။

နာဒယ်အနေနဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲမှာ (၁၀)ကြိမ်၊ယူအက်စ် အိုးပင်း ပြိုင်ပွဲမှာ (၃)ကြိမ်၊၀င်ဘယ်လ်တန်ပြိုင်ပွဲမှာ (၂)ကြိမ်နဲ့ သြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ တစ်ကြိမ် စတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Postby

Source- BBC Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD