ဘိုင်ယန်မှာ အရမ်းပျော်ရွှင်နေတယ်လို့ ပြောခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းက ပြန်လည်ခေါ်ယူမယ်လို့ သတင်းများထွက်ပေါ်နေတဲ့ ကိုလံဘီယာကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုလိုက်ပြီး အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့မယ့် သတင်းများကို တုံ့ပြန်လိုက်ပါတယ်။ ဂျိမ်းစ်ဟာ ဘိုင်ယန်မြူးနစ်ကို (၂)နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Photo : AS

 

ဘိုင်ယန်မြူးနစ်ထံ (၂)နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရာမှာ ဂျိမ်းစ်ကို ယူရို (၄၂)သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် သဘောတူညီချက်ကိုပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်း နဲ့အတူ ဘွန်ဒက်လီဂါအမှတ်ပေးဖလားကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : The18

 

ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့နောက် ဘာနေဗျူးကို ဂျိမ်းစ်ရိုဒရီဂွက်ဇ် ပြန်လည်ရောက်ရှိလာဖို့ ရီးရဲလ်က ကြိုးစားနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဂျိမ်းစ်က သူ့အနေနဲ့ ဘိုင်ယန်နဲ့အတူ အမှတ်ပေးဖလား ထပ်မံရရှိဖို့ ပစ်မှတ်ထား အာရုံစိုက်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Photo : encancha.cl

 

"ကျွန်တော် မြူးနစ်မှာပဲ ဆက်ရှိမှာပါ၊ အသင်းနဲ့အတူ ပထမဆုံးရာသီမှာပဲ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှု ပိုင်ဆိုင်ခဲ့လို့ ကျွန်တော် ဒီမှာ အရမ်းပျော်ရွှင်နေပါတယ်၊ ကလပ်အသင်းကို သဘောကျနှစ်ခြိုက်မိပြီး ပရိသတ်တွေကလည်း ကျွန်တော့်ကို အများကြီးချစ်ခင်ပြီး အားပေးနေကြတာပါ" လို့ ဂျိမ်းစ်က ကိုလံဘီယာတီဗွီအစီအစဉ်တစ်ခုကို ပြောကြားခဲ့ပါတယ်။

Photo : Sportskeeda

 

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ (၃၉)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၈)ဂိုး၊ ဂိုးဖန်တီးပေးမှု (၁၅)ကြိမ် ရရှိခဲ့ပါတယ်။ နည်းပြသစ်အဖြစ် ကိုဗက် ရောက်ရှိလာပေမယ့်လည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဘိုင်ယန်က အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က