AD
AD
AD

စပိန်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ တောင်အမေရိက ကစားသမားတွေကို အဓိကထား ခေါ်ယူလေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ စစ်တမ်းများအရ ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကစားသမား အများအပြားကို ခေါ်ယူခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ဘရာဇီးလ်ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ စုစုပေါင်း ယူရို၅၄၃သန်းအထိ အသုံးပြုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

play
Photo : Goal.com

 

တောင်အမေရိကကစားသမားတွေရဲ့ ခြေစွမ်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာလည်း မက်ဆီ၊ ဆွာရက်ဇ် အစရှိတဲ့ တောင်အမေရိက တိုက်စစ်အကျော်အမော်များကို ပိုင်ဆိုင်ထားပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ အောင်မြင်မှုမှာ ဘရာဇီးလ်ကစားသမားတွေရဲ့ အကျိုးသက်ရောက်မှုကိုတော့ ချန်လှပ်ထားလို့ မရတာက သေချာပါတယ်။

 

play
Photo : The18

 

၁၉၉၃ ခုနှစ်မှာ ဘရာဇီးလ်နာမည်ကျော် တိုက်စစ်မှူး ရိုမာရီယို ရောက်ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ရော်နယ်ဒို၊ ရီဗယ်လ်ဒို၊ ရော်နယ်ဒင်ဟို နဲ့ နေမာ အစရှိတဲ့ ဘရာဇီးလ်ဘောလုံးသမိုင်းရဲ့ ထိပ်ထိပ်ကြဲတိုက်စစ်မှူးတွေဟာ ဘာစီလိုနာကို ရောက်ရှိခဲ့ကြပါတယ်။ ဒီကစားသမားတွေဟာ ဘာစီလိုနာမှာ အောင်မြင်မှုရရှိခဲ့ပြီး ဂန္ထ၀င်ကစားသမားများအဖြစ်လည်း တချို့က မှတ်တမ်းဝင်ခဲ့ကြပါတယ်။

play
Photo : The18

နာမည်ထင်ပေါ်ကျော်ကြားမှုမရှိတဲ့ ကစားသမားတွေအဖြစ် ဂျီယိုဗန်နီ၊ ဆွန်နီအန်ဒါဆန်၊ အက်ဒ်မီဆင်တို့လည်း ဘာစီလိုနာမှာ ကစားခဲ့ကြပြီး နာမည်ကျော် ညာနောက်ခံလူ ဒန်နီအဲဗက်စ်ဟာ ဘာစီလိုနာနဲ့ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တဲ့အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ ရိုချန်ဘက်၊ ဂျီယိုဗန်နီ၊ ဟင်းနရစ်၊ ကိုင်ရစ်ဆန် နဲ့ ဒေါက်ဂလပ်စ် တို့လို ဘရာဇီးလ်ကစားသမားတွေကိုလည်း ဘာစီလိုနာက ခေါ်ယူခဲ့ပါသေးတယ်။

play
Photo : The18

လက်ရှိ ဘာစီလိုနာအသင်းမှာ ဘရာဇီးလ်ကစားသမားတွေအဖြစ် ကော်တင်ဟို၊ အာသာ နဲ့ မယ်လ်ကွန်တို့ ရောက်ရှိနေကြပြီး ဒီ ကစားသမား တစ်ယောက်ချင်းစီရဲ့ တန်ဖိုးဟာ သေးငယ်တဲ့ ပြောင်းရွှေ့ကြေး ပမာဏအဖြစ် ရှိနေခဲ့တာ မဟုတ်ဘူးလို့လည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီကစားသမား (၃)ဦးပေါင်းရဲ့ စုစုပေါင်းတန်ကြေးဟာ ယူရို၁၉၂သန်းအထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ နေမာကို ပြန်လည်ရောင်းချခဲ့စဉ်က ယူရို ၂၂၂သန်းအထိ ရရှိခဲ့တာကြောင့် စုစုပေါင်းတန်ဖိုးရဲ့ ထက်ဝက်ခန့်ထိ ပြန်လည်ရရှိခဲ့ပါတယ်။

play
Photo: Stadium Astro

 

စပိန်သတင်းစာ Marca ရဲ့ စစ်တမ်းအရ ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကစားသမားတွေအတွက် စုစုပေါင်း အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၅၄၃ သန်းအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ငွေကြေးကုန်ကျခဲ့တာနဲ့အမျှ ဘာစီလိုနာအတွက် ထိုက်တန်တဲ့ ခြေစွမ်းနဲ့ အောင်မြင်မှုတွေကို ဘရာဇီးလ်ကစားသမားတွေက ရယူပေးနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD