လီဝန်ဒေါစကီး အသင်းက ထွက်ခွာမှာမဟုတ်ဘူးလို့ နည်းပြကိုဗက်က ပြောခဲ့တာပါ။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo : Goal.com

 

- ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း စိတ်ဝင်စားနေခဲ့တဲ့ လက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ မက်ဂွီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Don Balon က ဖော်ပြလိုက်ပါတယ်။ မော်ရင်ဟိုက မက်ဂွီးအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒရှိနေချိန်မှာ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ လက်စတာကတော့ မက်ဂွီးအတွက် ပေါင်သန်း (၈၀)အထိ အလိုရှိနေပြီး ဒီပမာဏဟာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ပမာဏ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ဂျူဗင်တပ်စ်ကို သတိပေးလိုက်တဲ့ အယ်လီဂရီ 

Photo : Goal.com

 

- ဘာစီလိုနာအသင်းရဲ့ ပြင်သစ်နောက်ခံလူ ဒစ်ဂ်နီဟာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားက ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းကနေ ဒစ်ဂ်နီဟာ အပြောင်းအရွှေ့ကိစ္စရပ်များ လုပ်ဆောင်ဖို့အတွက် ထွက်ခွာလာခဲ့ပြီး အသင်းကလည်း ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၅)နှစ်အရွယ် ဘယ်နောက်ခံလူဟာ ယူရို၂၅သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

Photo : Goal.com

 

- ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ် နီကိုကိုဗက်က ရောဘတ်လီဝန်ဒေါစကီးဟာ ဘိုင်ယန်က ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ လီဝန်ဒေါစကီးရဲ့ အေးဂျင့် ဇဟာဗီက သူ့ရဲ့ ကစားသမားဟာ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ဝန်ခံခဲ့ပြီးနောက် အသင်းဟောင်း ဒေါ့မွန်က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ရော်နယ်ဒိုနေရာအတွက် ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့် ကိုဗက်ရဲ့ ပြောစကားကြောင့် အခက်တွေ့ရဖွယ် ရှိလာပါတယ်။

Photo : Goal.com

 

- ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လုဇ်က နည်းပြဆာရီရဲ့ လက်အောက်မှာ ပျော်ရွှင်နေပြီလို့ ဝန်ခံလိုက်ပါတယ်။ ဆာရီလက်အောက်မှာ ကစားဖို့အတွက် ချယ်လ်ဆီးမှာပဲ ဆက်နေမယ်လို့ လုဇ်က ပြောဆိုခဲ့ပါတယ်။ ကွန်တီရဲ့ လက်ထက်မှာ ပွဲကစားခွင့် ပျောက်ဆုံးနေခဲ့တဲ့ ဒေးဗစ်လုဇ်က "ချယ်လ်ဆီးမှာ ဆက်နေဖို့ ကျွန်တော် ပြန်လည်ရောက်ရှိလာပါပြီ၊ ပဲရစ်ကနေ ပြန်လာအပြီးမှာ ဆုံးဖြတ်ခဲ့ပြီးပါပြီ၊ ဒီမှာ ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်" လို့ လုဇ်က ပြောကြားခဲ့ပါတယ်။

Photo : Goal.com

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒါမီယန်ကို အငှားခေါ်ယူဖို့ နာပိုလီအသင်းက ကြိုးစားနေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ ဒီရာသီမှာ အသင်းက ထွက်ခွာနိုင်တယ်လို့ ဝန်ခံခဲ့တဲ့ ဒါမီယန်ကို အီတလီကလပ်အများအပြားက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဒါမီယန်ထွက်ခွာနိုင်တဲ့သတင်းများအပေါ်မှာ မော်ရင်ဟိုကလည်း အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ မန်ယူနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒီလေဘလင်းကတော့ အေဂျက်ဇ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က