ကြားဖြတ်ခေါ်ယူနိုင်ရေး နီးစပ်နေပြီလို့ စပိန်မီဒီယာတွေက ဖော်ပြနေပါတယ်။

ရီးရဲက  ကြိုးပမ်းနေတာ ဖြစ်ပြီး ဘာစီလိုနာက ကြားဖြတ်ခေါ်ယူဖို့ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။မဲလ်ကွန်လို ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပါက ရီးရဲနဲ့ ဘာကာကြားက ဆက်ဆံရေး ပိုမိုတင်းမားသွားဖို့ရှိနေပါတယ်။


 

ရီးရဲမက်ဒရစ်အသင်းက အသည်းအသန်း လိုက်နေတဲ့ ချဲလ်ဆီးကစားသမား အီဒင်ဟာဇက်ကို ၎င်းရဲ့ ပြိုင်ဖက် ဘာစီလိုနာအသင်းကလည်း ခေါ် ယူနိုင်ရေးကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

မက်ဆီနဲ့ဆွာရက်ဇ်ကို စိန်ခေါ်မိလို့ ပိုက်ဆံနေ့တိုင်း ပေးနေရတဲ့ ယယ်ရီမီနာ 

လက်ရှိ စပိန်ကလာတဲ့သတင်းတွေအရဆိုရင် ဘာစီလိုနာအသင်းဟာ ဟာဇက်ကို ခေါ်ယူနိုင်ဖို့အထိ နီးစပ်နေပြီလို့သိရပြီး ရီးရဲလက်ထဲကနေ လု ယူနိုင်မှာလားစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo - Twitter

 

ဘာစီလိုနာအသင်းအနေနဲ့ အစောပိုင်းတုန်းကလည်း ဘော်ဒိုးအသင်းက လူငယ်ကစားသမား မဲလ်ကွန်ကို ရိုးမားအသင်းက စာချုပ်ချုပ်ဖို့ပဲ ကျန် တော့တဲ့အခြေအနေမှာ ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရိုးမားအသင်း ဥက္ကဌက ဒေါသထွက်ခဲ့ပြီး ပြန်လည်ကျေအေးနိုင်ဖို့ မက်ဆီကို ပေးမှ ကျေအေးပေးနိုင်မယ်လို့ ဆိုလာတဲ့အထိ တင်းမာ မှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Photo - Twitter

 

အခုတစ်ကြိမ်မှာလည်း ဘာစီလိုနာက မဟာပြိုင်ဖက် ရီးရဲအသင်း ခေါ်ယူနိုင်ဖို့ အသည်းအသည် ကြိုးပမ်းနေတဲ့ ဟာဇက်ကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာတာကြောင့် အကယ်၍များ ဟာဇက်တစ်ယောက် ဘာစီလိုနာကို ရောက်ခဲ့ပါက နဂိုကတည်းက မတည့်တဲ့ ဒီနှစ်သင်းရဲ့ ပရိသတ် တွေကြားထဲ ဗုံးကြဲလိုက်သလို ဖြစ်မယ့်အရေးကိုလည်း မြင်ရပါတယ်။

ဟာဇက်အနေနဲ့ ချဲလ်ဆီးအသင်းကို ၂၀၁၂ ခုှနှစ်က လိုင်လီအသင်းနေ ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းနဲ့ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်း အတွက် အားထားရတဲ့ အဓိက ကစားသမားအဖြစ် အစဉ်တစ်စိုက် ကစားလာခဲ့သူ ဖြစ်ပါတယ်။

Photo - PA

 

ပြီးခဲ့တ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့မှုကြောင့် အဓိက ကစားသမား ရော်နယ်ဒို ထွက် ခွာသွားတဲ့ ရီးရဲအသင်းက အစားထိုးနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကလည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ် မဝင်တာကြောင့် ဟာဇက်အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရချင်ပါက ရီးရဲနဲ့ ဘာစီလိုနာ နှစ်သင်းစလုံးထဲက တစ်သင်းကို ပြောင်းဖို့ လိုပြီး လက်ရှိ နည်းပြသစ် ဆာရီကလည်း ၎င်းကို အလိုရှိနေလို့ ဒီ ၃သင်း ကြား ဟာဇက် လွန်ဆွဲပွဲက အရမ်းကို ကြည့်ကောင်းနေခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က