ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီးဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- ပီအက်စ်ဂျီအသင်းဟာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ကန်တေကို ခေါ်ယူဖို့ လက်မလျှော့သေးဘူးလို့ သိရပါတယ်။ ချယ်ဆီးအသင်းဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ကန်တေကို အသင်းရဲ့လစာအကောင်းဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်သစ်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းကလည်း ယင်းလစာထက်ပိုမိုများပြားတဲ့ပမာဏနဲ့ ကမ်းလှမ်းနေတာဖြစ်ပါတယ်။

 

- စီးရီးအေထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ အင်တာမီလန်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား လူကာမိုဒရစ်ကို ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ မိုဒရစ်ရဲ့အေးဂျင့်နဲ့ အဆက်အသွယ်ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပြီး မိုဒရစ်ရဲ့အေးဂျင့်ဟာ ခရိုအေးရှားအသင်းဖော်တွေဖြစ်တဲ့ ပါရီဆစ်၊ ဘရိုဇိုဗစ်တို့နဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့လီဗာပူးအသင်းရဲ့တိုက်စစ်မှူးမိုဟာမက်ဆာလာတို့ကို ဆက်သွယ်ဖို့ ချဉ်းကပ်ခဲ့တယ်လို့ El Pais က ရေးသားထားပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ကမ္ဘာ့အဆင့်ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့လိုအပ်နေတာကြောင့် ဟာဇက်၊ နေမာ၊ ဘတ်ပီ စတဲ့ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ မိုဟာမက်ဆာလာဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုုခဲ့တာကြောင့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပိုမိုတွန်းအားပေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

- ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အိတ်ဇဲလ်ဝစ်ဆယ်ဟာ တီအန်ကျင်းကွမ်ကျင်းအသင်းကနေ ဒေါ့မွန်အသင်းကို ယူရိုသန်း ၂၀ နဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ Marca က အတည်ပြုခဲ့ပါတယ်။ ဝစ်ဆယ်ရဲ့စာချုပ်ထဲမှာ ပါရှိတဲ့ ထွက်ခွာခွင့်အရ တရုတ်ကလပ်အသင်းအနေနဲ့ သတ်မှတ်ထားတဲ့ လျော်ကြေးရရှိမယ်ဆိုရင် ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။

 

- အာဆင်နယ်အသင်းရဲ့နည်းပြသစ် အမ်မရီဟာ ဆီဗီလာအသင်းရဲ့ကွင်းလယ်ကစားသမား အန်ဇွန်ဇီကို ခေါ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပြီး အသင်းက အပြောင်းအရွှေ့ကို မပိတ်ပင်ပီ ကစားသမားအများစုကို အရင်ရောင်းချရမယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ အမ်မရီဟာ ယခုနွေရာသီမှာ ဘာ့ဒ်လီနို၊ ဆိုခရေးတစ် ပါပါစတာသိုပူးလော့စ်၊ တိုရဲရား၊ ဂွမ်ဒိုဇီတို့ကို အပြောင်းအရွှေ့ခွင့်ပြုငွေ အကုန်လုံးနီးပါးသုံးစွဲပြီး ခေါ်ယူထားပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က