ပေါ့ဂ်ဘာကလည်း ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီး နောက်ဆုံးအချိန်မှာ ကမ်းလှမ်းမှုပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာကလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့်ရဖို့ကို စိတ်လှုပ်ရှားနေကြောင်း Tuttosport ရဲ့သတင်းအရ သိရပါတယ်။

gettyimages-1000030430.jpg

Photos: Metro

စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ကွင်းလယ်ကို တောင့်တင်းအောင် အင်အားဖြည့်တင်းနေပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားတဲ့ ကွင်းလယ်ကြယ်ပွင့် အင်နီယေစတာရဲ့နေရာကို အစားထိုးဖို့အတွက် နောက်ထပ် ကွင်းလယ်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်ဟာ ပြီးခဲ့တဲ့အပတ်က လော့စ်အိန်ဂျလိစ်မြို့မှာ အားလပ်ရက်အပန်းဖြေအနားယူနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photos: Metro

 

ဘာစီလိုနာအသင်းဟာ ပီဂျာနစ်နဲ့ သီယေဂိုအယ်ကန်တာရာတို့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာက အသင်းရဲ့ကွင်းလယ်ကို အားသစ်လောင်းပေးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အမြော်အမြင်ရှိစွာ ပြန်လည်ခေါ်ယူခွင့်နဲ့ ရောင်းချခဲ့တဲ့ မန်ယူကစားသမားဟောင်း ၂ ဦး 

ပေါ့ဂ်ဘာဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးဖို့ ဆန္ဒရှိနေပြီး အထူးသဖြင့် ဘာစီလိုနာဂန္တဝင်ကွင်းလယ်ကြယ်ပွင့်ကစားသမား အင်နီယေစတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားရမှာကို ပိုမိုစိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ စပိန်ရေဒီယိုဌာနဖြစ်တဲ့ RAC1 က ဘာစီလိုနာအသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် လိုအပ်တဲ့ငွေကြေးပမာဏကို ရှာဖွေဖို့အတွက် အူ့စ်မန်းဒမ်ဘီလီကို အာဆင်နယ်အသင်းထံ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

Photos: Metro

 

ဂျူဗင်တပ်အသင်းကနေ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာဟာ နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်နေသူဖြစ်ပြီး အသင်းရဲ့ကစားကွက်နဲ့ပတ်သက်ပြီး ချဉ်းကပ်ရာမှာ သဘောထားကွဲလွဲခဲ့ကြတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြမော်ရင်ဟိုက အားလပ်ရက်ကို လျှော့ချပြီး အသင်းကို ပြန်လာပြီး ကူညီကြဖို့ တောင်းဆိုခဲ့တာကို လစ်လျူရှုခဲ့ပြီး အားလပ်ရက်အပန်းဖြေအနားယူခြင်းကို ဆက်လက်ပြုလုပ်နေသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က