မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ဂိုးသမား ကော်တိုရစ်ရဲ့အေးဂျင့်ဟာ ချယ်ဆီးအသင်းကို ရီးရဲမက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံပေးဖို့ တောင်းဆိုခဲ့ပြီး ကော်တိုရစ်ကလည်း စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ကော်တိုရစ်ဟာ ချယ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး ယခုနွေရာသီမှာ မရောင်းချရင် နောက်ရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်ပြုရမှာဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

gettyimages-987858390.jpg

Photos: Metro

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တိုရစ်ဟာ ၎င်းရဲ့သားသမီးတွေရှိတဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ပြန်သွားချင်တဲ့ဆန္ဒရှိနေသူဖြစ်ပြီး ချယ်ဆီးအသင်းရဲ့နည်းပြ ဆာရီကလည်း ယမန်နေ့က ကော်တိုရစ်အသင်းမှာ ဆက်နေမယ်လို့ မျှော်လင့်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

အိုဇေးလ်အနားယူမှာကို ဂျာမနီကစားသမားတွေ သဘောတူတယ်လို့ ပြောလိုက်တဲ့ နျူအာ 

"ကော်တိုရစ်နဲ့ပတ်သက်ပြီး ချယ်ဆီးအသင်းက ပြောနေတဲ့ဟာတွေကို နေရာတိုင်းမှာ ကျွန်တော် ဖတ်ရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသင်းကို ရှင်းရှင်းပြောပြီးပါပြီ။ သူ့အတွက် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တာက အကောင်းဆုံးရွေးချယ်စရာဆိုတာလေ"

"ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့က သူ့အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ သူ့မိသားစုနဲ့ နီးနီးကပ်ကပ် နေချင်လို့ပါ။ ပြီးတော့ ချယ်ဆီးအသင်း လက်ခံနိုင်တဲ့ ကမ်းလှမ်းမှုကလည်း ရှိနေပါတယ်"လို့ ကော်တိုရစ်ရဲ့အေးဂျင့် ခရစ်စတိုဖီဟန်ရိုတေးက ပြောကြားခဲ့ပါတယ်။

Photos: Evening Standard

 

ချယ်ဆီးအသင်းရဲ့နည်းပြ မူရီဇီယိုဆာရီက အပြောင်းအရွှေ့တောင်းဆိုမှုဟာ အသင်းအပေါ်မှာ မူတည်ကြောင်းနဲ့ ကော်တိုရစ်အနေနဲ့ မိမိတို့ရဲ့ ဂိုးသမားအဖြစ် ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

"အခုအချိန်မှာ ကော်တိုရစ်ဟာ အသင်းရဲ့ဂိုးသမားပါ။ ချယ်ဆီးအသင်းရဲ့ ဂိုးသမားပေါ့။ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဘာမှမသိပါဘူး။ အဲဒါက အသင်းပေါ်မှာ မူတည်နေတာပါ"

"အဲဒီကိစ္စက အထူးသဖြင့် သူ့အပေါ်မှာ မူတည်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကော်တိုရစ်ဟာ ကျွန်တော်တို့ရဲ့ ဂိုးသမားဖြစ်နေဦးမယ်လို့ မျှော်လင့်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က