နွေရာသီဈေးကွက်မှာ ခြေလှမ်းတွေ ပိုစိပ်လာကြပါပြီ။

ယနေ့နံံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဗဟိုခံစစ်ကစားသမား စမောလင်းဟာ တိုဘီအယ်ဒါဝီလ်နဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကို အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အသင်းမှာ ဆက်လက်ရှိနေလိုတဲ့ဆန္ဒရှိတယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ခံစစ်ကို အားဖြည့်တဲ့အနေနဲ့ အဲရစ်ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့ကို ခေါ်ယူခဲ့ပြီး စမောလင်းက အသင်းအတွက် ရေရှည်ကစားပေးနိုင်ဦးမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

 

- မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ အသင်းရဲ့တောင်ပံကစားသမား ရာဟင်းစတားလင်းကို အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ လိုလားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရာဟင်းစတားလင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နည်းပြပက်ဂွါဒီယိုလာက စတားလင်းကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ အလိုရှိနေတာဖြစ်ပါတယ်။

 

- မန်ယူအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ မိုင်နိုရွိုင်အိုလာဟာ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကို ရရှိလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်တယ်လို့ Daily Star ရဲ့သတင်းအရ သိရပါတယ်။ မိုင်နိုရွိုင်အိုလာဟာ ဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ပေါ့ဂ်ဘာအတွက် ဆွေးနွေးဖို့ အိုးထရက်ဖို့ဒ်ကို လာရောက်ဖို့ရှိနေတယ်လို့ သိရပြီး ပေါင်သန်း ၁၀၀ ရရှိမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းက ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းဟာ အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာမရေရာဖြစ်နေတဲ့ ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ကြောင့် အစားထိုးမယ့် ကစားသမားကို ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကွင်းလယ် ကြယ်ပွင့်ကစားသမားဖြစ်တဲ့ အဲရစ်ဆင်ကို လူကာမိုဒရစ် ထွက်ခွာသွားခဲ့ရင် ပေါင်သန်း ၂၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

- ချယ်ဆီးအသင်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror က ရေးသားထားပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဇာဟာကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေခဲ့ပေမယ့် ခရစ်စတယ်ပဲလေ့စ်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းကို မပေးချေလိုတာကြောင့် ချယ်ဆီးအသင်းအနေနဲ့ ဇာဟာကို လွတ်လွတ်ကျွတ်ကျွတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က