အက်သလက်တီကိုနဲ့ စာချုပ်သစ် ချုပ်ဆိုသွားမှာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဒီယေဂိုဂိုဒင်ဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ အသက် (၃၂)နှစ်အရွယ် ဥရုဂွေး ခံစစ်ကစားသမားဟာ အက်သလက်တီကိုနဲ့ စာချုပ်သစ်ချုပ်ဆိုမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : Goal.com

 

ဗဟိုနောက်ခံလူတစ်ဦးကို အလိုရှိနေခဲ့တာကြောင့် မော်ရင်ဟိုဟာ ဂိုဒင်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ စပါးနောက်ခံလူ အယ်ဒါဝီရယ် နဲ့ လက်စတာနောက်ခံလူ မက်ဂွဲယားတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း အရာမထင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဂိုဒင်အတွက် နောက်ဆုံးအချိန်မှာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo : Goal.com

 

အက်သလက်တီကိုအသင်းနဲ့ ဂိုဒင်တို့ဟာ ယူရိုသန်း ၂၀တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတာ ဖြစ်ပြီး ယူနိုက်တက်က အဆိုပါ ဈေးနှုန်းအတိုင်းနဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲအထိ ပေးချေမယ်ဆိုတဲ့ အချက်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီမြွန်နီရဲ့ အားအကိုးရဆုံးနောက်ခံကစားသမားက အက်သလက်တီကိုမှာပဲ ပျော်ရွှင်နေပြီး စာချုပ်သစ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

Photo : Goal.com

 

၂၀၁၀ ခုနှစ်က စတင်ပြီး အက်သလက်တီကိုအသင်းအတွက် ကစားပေးခဲ့တဲ့ ဂိုဒင်ဟာ (၈)နှစ်တာ ကာလအတွင်းမှာ အသင်းနဲ့အတူ ဆုဖလား (၇)လုံးအထိ ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလား၊ လာလီဂါအမှတ်ပေးဖလားတို့လည်း ပါဝင်ခဲ့ပါတယ်။ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း ဂိုဒင်က တာဝန်ယူနေရသူ ဖြစ်ပါတယ်။

Photo : Goal.com

 

မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ ဗဟိုခံစစ်ကစားသမား ပစ်မှတ်တွေကို လွဲချော်ခဲ့ရတဲ့ အပြောင်းအရွှေ့ကို ရင်ဆိုင်ခဲ့ရပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မတိုင်ခင်အထိ အသစ်ခေါ်ယူထားတဲ့ ဖရက်ဒ်၊ ဒါလော့ နဲ့ လီဂရန့်တို့ကို အသင်းရဲ့ နဂိုရှိရင်းစွဲ ကစားသမားများနဲ့သာ ပေါင်းစပ်ပြီး အသုံးပြုရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က