လာမယ့်ရက်ပိုင်းအတွင်းမှာ ပြောင်းရွှေ့ဖြစ်ဖို့ နီးစပ်နေပါပြီ။

လီဗာပူးအသင်းရဲ့ဂိုးသမား ဆိုင်မွန်မစ်ဂနိုလတ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ စိတ်ကူးနေပြီး ၎င်းရဲ့ကိုယ်စားလှယ်နဲ့ စီးရီးအေထိပ်တန်းအသင်းကြီးဖြစ်တဲ့ နာပိုလီအသင်းတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တာကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ဖြစ်မြောက်တော့မှာဖြစ်ပါတယ်။ မစ်ဂနိုလတ်ရဲ့အေးဂျင့်ဖြစ်သူ ပြောစကားအရ အပြောင်းအရွှေ့အတွက် သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။

mignolet-640x384-620x434.jpg

Photos: Turkishfootballnews

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မစ်ဂနိုလတ်ဟာ ရိုးမားအသင်းရဲ့ကြယ်ပွင့်ဂိုးသမား မစ်ဂနိုလတ် ရောက်ရှိလာမှုကြောင့် အသင်းရဲ့တတိယဂိုးသမားအဖြစ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ရာသီတစ်ဝက်လုံး အလွဲလွဲအမှားမှားတွေ ပြုလုပ်ခဲ့တဲ့ ကားရီးယပ်စ်ရဲ့ နောက်မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

မစ်ဂနိုလတ်ဟာ ယခုရာသီမှာ ပုံမှန်ပွဲကစားခွင့်ရရှိဖို့အတွက် အသင်းသစ် ရှာဖွေနေတာဖြစ်ပြီး နာပိုလီအသင်းက ယခုနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ဂိုးသမား အဲလက်စ်မီရတ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် မစ်ဂနိုလတ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ မစ်ဂနိုလတ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းတွေထဲကတစ်သင်းဖြစ်ပြီး အီတလီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် သောကြာနေ့မတိုင်မီ အရခေါ်ယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photos: FourFourTwo

 

မစ်ဂနိုလတ်ရဲ့အေးဂျင့်ဖြစ်သူ နီကိုဗီဆန်က မိမိတို့အနေနဲ့ သဘောတူညီမှုရရှိခြင်းမရှိသေးကြောင်းနဲ့ မစ်ဂနိုလတ်ကို စိတ်ဝင်စားတဲ့အသင်းတွေနဲ့ပတ်သက်ပြီး အဖြေရှာသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ စကားပြောနေပါတယ်။ ဒါပေမယ့် သဘောတူညီမှုတော့ မရသေးပါဘူး။ သူ့ကို စိတ်ဝင်စားတဲ့အသင်းတွေနဲ့ အဖြေရှာသွားမှာပါ"

"လီဗာပူးအသင်းက သူ့ကို ထိန်းသိမ်းထားချင်ပါတယ်။ ဒါပေမယ့် သူက အသင်းကနေ ထွက်ခွာချင်နေပြီး သူ့အနေနဲ့ ကစားရမှဖြစ်မှာပါ။ သူက ကောင်းမွန်တဲ့အသင်းမှာ ကစားဖို့အတွက် ထိုက်တန်ပါတယ်"

"နာပိုလီအသင်းအတွက်ကတော့ ဆိုင်မွန်က အရည်အသွေးနဲ့ပတ်သက်ပြီး အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပေမယ့် ဘဏ္ဍာရေးဆိုင်ရာရှုထောင့်ကလည်း ရှိနေပါသေးတယ်။ သူ့အနေနဲ့ အသင်းပြောင်းရွှေ့ချင်တယ်။ ဒါမှမဟုတ် အသက် ၃၀ အရွယ်မှာ နံပါတ် ၂ ဂိုးသမားအဖြစ်နဲ့ ကစားရမယ်ဆိုတာ သိရက်နဲ့ ပျော်နိုင်မယ်ဆိုရင်တော့ အားလုံးပြီးပြည့်စုံသွားပါပြီ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က