Sports: ဘောလုံးပရိသတ်တွေကို ဆွဲဆောင်ထားတဲ့ ရုရှားကမ္ဘာ့ဖလားသံတမန်

လူတိုင်းဘောလုံးအားကစားကို နှစ်သက်ကြတာမဟုတ်ပေမယ့် ကမ္ဘာ့ဖလားလိုလေးနှစ်မှ တစ်ကြိမ်ကျင်းပတဲ့ ပြိုင်ပွဲမျိုးကိုတော့ အားလုံးနီးပါး စိတ်ဝင်တစား ကြည့်ရှုကြပါတယ်။ အခုလာမယ့် ရုရှား ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေကို ပိုပြီးစိတ်ဝင်တစားရှိစေမယ့် အကြောင်းအရာတစ်ခု ထပ်တိုးလာပြီဖြစ်ပါတယ်။

ရုရှားအလှမယ်ဟောင်းဖြစ်သလို ရုပ်သံတင်ဆက်သူ၊ မော်ဒယ်သရုပ်ဆောင်လည်းဖြစ်တဲ့ ဗစ်တိုးရီယားလော့ရီဗာဟာ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ ချောမာပြေပြစ်လှတဲ့သူမရဲ့ အလှကြောင့် ကမ္ဘာ့ဖလားပရိသတ်တွေ အရင်ထက်ပိုပြီးပြိုင်ပွဲကို စိတ်ဝင်တစား ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ဗစ်တိုးရီးယားဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနဲ့ ပတ်သတ်သမျှ သံတမန်ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရမှာဖြစ်ပါတယ်။

play

 

၂၀၀၃ ခုနှစ်မှာ သူမဟာ ရုရှားအလှမယ်ဖြစ်လာပြီးတဲ့နောက် နာမည်ကြီးလာသူဖြစ်ပါတယ်။

play

 

နောက်ပိုင်းမှာတော့ ရုရှားအလှမယ်ပြိုင်ပွဲမှာ ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်ပေးခဲ့ဖူးသူပါ။

play

 

၂၀၀၆ တုန်းက ယူကရိန်းမှာကျင်းပခဲ့တဲ့ ဥရောပအလှမယ်ရွေးပွဲမှာလည်း သူမကဦးစီးဦးဆောင်ကျင်းပပေး ခဲ့ဖူးပါတယ်။

play

 

သူမဟာ အရင်ကတည်းက ဘောလုံးအားကစားနည်းးကို အရူးအမူးအားပေးသူလို့လည်း ဆိုကြပြန်ပါတယ်။

play

 

ရုပ်သံတင်ဆက်သူလုပ်တာကလည်း သူမဘဝရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

play

 

နောက်ထပ် ၃၃ လလောက်ကြာတဲ့အခါ သူမကို ဖန်သားပြင်မှာရော ရုရှားဘောလုံးကွင်းတွေထဲမှာပါ တွေ့ရတော့မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ