Sports: နီပေါငလျင်ဒဏ်ခံ ကလေးငယ်တွေဆီ လက်ဆောင်ပို့ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ဟာဇက်

, updated

ဓါတ်ပုံဆရာ အိုမာဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက ခံစားခဲ့ရတဲ့ နီပေါငလျင်ကို မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။

play

 

အပျက်အစီးတွေကြားထဲမှာပဲ ဂျက်တင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ငလျင်လှုပ်တုန်းက ဂျက်တင်ဟာ ဘောလုံးကစားနေခဲ့တာပါ။

play

“ ကြံ့ခိုင်အောင် နေပါ၊ ချစ်တဲ့ရော်နယ်ဒို” လို့ ဂျာစီပေါ်မှာ ရေးထားပါသေးတယ်။

play

 

ဒါတင်မကသေးပါဘူး။ ငလျင်ဒဏ်ကြောင့် ကျောင်းနံရံပြိုကျပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ဆန်ဒက်ရှ်ဆိုတဲ့ ကလေးငယ်အတွက်လည်း အိုမာက အလားတူလုပ်ပေးနိုင်ခဲ့ပြန်ပါတယ်။

play

 

ဆန်ဒက်ရှ်ကတော့ ချယ်လ်ဆီးပရိသတ်ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ပို့လိုက်တဲ့ လက်ဆောင်တွေကို ဆန်ဒက်ရှ်ဆီ အိုမာယူလာပေးခဲ့ပါတယ်။ အီဒင်ဟာဇက် လက်မှတ်ထိုးပေးထားတဲ့ ဓါတ်ပုံနဲ့ စာတစ်စောင်လည်း ပါဝင်ခဲ့ပါတယ်။

play

ကောင်လေးနှစ်ယောက်စလုံးရဲ့ အပြုံးဟာ ဒီကမ္ဘာပေါ်မှာ သူလုံးဝမမြင်ဖူးတဲ့ အပြံးမျိုးတွေ မြင်ခဲ့ရတယ်လို့ အိုမာက ပြောပြပါတယ်။

play

 

ငလျင်ဒဏ်ခံစားရသူတွေအားလုံး ပါဝင်ကြိုးစားကြပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ အားလုံးကို လိုအပ်တယ်လို့ အိုမာက ထပ်ပြောပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ဂျက်တင်နဲ့ ဆန်ဒက်ရှ်တို့လို ကလေးငယ်တွေအတွက် မျှော်လင့်ချက်ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ