AD
AD
AD

စကော့တလန်က စတိုင်ယာလင်အရပ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းက ကလေးငယ်အဝမလွန်စေဖို့ နေ့စဉ်အပြေးလေ့ကျင့်ခိုင်းတယ်လို့ သိရပါတယ်။ ကျောင်းလာတက်တဲ့ ကျောင်းသားတိုင်း တစ်နေ့ကို တစ်မိုင် ပြေးရပါတယ်။

ငယ်စဉ်ကလေးဘဝမှာ ကြုံရလေ့ရှိတဲ့ အဝလွန်ရောဂါကို ကာကွယ်ဖို့အဆိုပါ ကျောင်းက ဒီအစီအစဉ်ကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း အစီအစဉ်ကို ကလေးတွေအတွက် စီစဉ်ခဲ့တာ အခုသုံးနှစ်တောင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီအကျိုးရလဒ်အနေနဲ့ ကျောင်းမှာ အခုဆိုရင် အဝလွန်ကျောင်းသား တစ်ဦးမှမရှိတော့ဘူးလို့ ဆိုပါတယ်။ ကျောင်းသားတွေကို တစ်နေ့တစ်မိုင်ပြေးခိုင်းတဲ့ အလေ့အကျင့်ကို တစ်နိုင်ငံလုံးက ကျောင်းတွေအားလုံးကျင့်သုံးစေဖို့လည်း အထက်ပါကျောင်းက ဆရာတွေက ဆန္ဒရှိနေပါတယ်။

play

 

အခုအခါ ဒီလေ့ကျင့်ခန်းအစီအစဉ်ကို စကော့တလန်မှာရှိတဲ့ ကျောင်းအချို့မှာသာမက လန်ဒန်မှာရှိတဲ့ ကျောင်းအချို့လည်း လိုက်လံကျင့်သုံးနေပြီဖြစ်ပါတယ်။ ကလေးငယ် ၁၀ ဦးမှာ ၁ ဦးက အဝလွန်ရောဂါကို ခံစားနေရတယ်လို့ ကျန်းမာရေးသိပ္ပံဌာနရဲ့ လေ့လာချက်အရ သိရပါတယ်။ နီနီယန်ကျောင်းက ကျောင်းအုပ်ဆရမကြီးကတော့ သူ့ကျောင်းက ကလေးတွေကို တစ်နေ့နှစ်နာရီလောက် ပြေးစေချင်တာပါ။ ပြေးခြင်းရဲ့ ရလဒ်က ကျန်းမာရေးကို သိသိသာသာကောင်းမွန်စေလို့ပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD