ဘရာဇီးအပျော်တမ်းလိဂ်ပြိုင်ပွဲတစ်ခုမှာ ဧည့်သည်အသင်းကစားသမားတွေရဲ့ ပြင်းထန်စွာ စောဒကတက်ခြင်း၊ ရန်ပြုခြင်းကို ကြုံခဲ့ရပြီးတဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ သေနတ်နဲ့ဖြေရှင်းဖို့ ကြိုးစားခဲ့လို့ ပြင်းထန်စွာ အရေးယူခြင်း ခံရဖို့ရှိနေပါတယ်။

play

 

ဘရူမာဒီညိုမြို့မှာ ကစားခဲ့တဲ့အဲဒီပွဲမှာ ဧည့်သည်အသင်းဖြစ်တဲ့ အာမန်တက်စ်ဒဲဘိုလာအသင်းက ကစားသမားတွေကို ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဒိုင်လူကြီးဟာ ရဲအရာရှိတစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဧည့်သည့်အသင်းမန်နေဂျာက က ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့ပြီးတစ်ဖက်အသင်းကစားသမားကို အနီကတ်နဲ့ ထုတ်ပစ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုစောဒကတက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ရန်ပြုစောဒကတက်ခြင်းတွေကြုံရပြီးတဲ့နောက် ကွင်းလယ်ဒိုင်က အဝတ်လဲခန်းအတွင်း ပြန်ပြီး သေနတ်ယူကာပြန်လာခဲ့တာဖြစ်တယ်လို့ ဒေးလီးမစ်ရာသတင်းစာက ရေးသားပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးတဲ့နောက် ဒိုင်အဖွဲ့ဝင်တစ်ယောက်ကပဲ ကွင်းလယ်ဒိုင်မာတာရဲ့ သေနတ်ကို အဝတ်လဲခန်းထဲ ပြန်သွားသိမ်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအခါ အဆိုပါဒိုင်ကို တသက်တာပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ရှိနေပြီး အဲဒါမတိုင်ခင်မှာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒိုင်အဖွဲ့ချုပ်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video