Sports: ဘောလုံးလောကမှ စိတ်ဝင်စားဖွယ်ရာ စံချိန်များ

, updated

ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို မာလ်မိုအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရပြီးတဲ့နောက် နှစ်ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုကလည်း သူ့အတွက်ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၅၀၁ ဂိုးမြောက် ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကပဲ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝမ်ဒေါစီကီးကလည်း ဒုတိယပိုင်းမှာ လူစားဝင်လာပြီး ၉ မိနစ်အတွင်း ငါးဂိုးသွင်းခဲ့လို့ ဘွန်ဒက်စ်လီဂါသမိုင်းမှာ အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဘောလုံးလောက်ထဲက စိတ်ဝင်စားစရာ စံချိန်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

ပရော်ဖက်ရှင်နယ်ဘဝမှာ ဂိုးအများဆုံးသွင်းထားသူကတော့ အများသိကြတဲ့ ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ပီလီဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ ပွဲပေါင်း ၁၃၆၃ ပွဲကစားခဲ့ပြီး စုစုပေါင်း ၁၂၇၉ ဂိုးသွင်းယူ ထားသူဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်တစ်နှစ်တည်းမှာတင် ပီလီက ဂိုးပေါင်း ၁၂၆ ဂိုးသွင်းယူထားခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက အိုလံပစ်ခြေစစ်ပွဲမှာ ကော်တက်ဆိုတဲ့ ကစားသမားဟာ ဗာနူအာတူနိုင်ငံအသင်းအတွက် တစ်ပွဲတည်း ၁၆ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဗာနူအာတူဆိုတာ တောင်ပစိတ်ဖိတ် သမုဒ္ဒရာနိုင်လေးဖြစ်ပါတယ်။ မိုက်ခရိုနီးရှားကို ၄၆ ဂိုးနဲ့နိုင်တဲ့ပွဲမှာ သွင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် အသက် ၂၃ နှစ်အောက်ပြိုင်ပွဲဖြစ်လို့ ကမ္ဘာ့မှတ်တမ်းထဲမှာ တရားဝင်မပါနိုင်ခဲ့ပါဘူး။

လက်ရှိတရားဝင် တစ်ပွဲတည်းဂိုးအများဆုံးသွင်းသူဖြစ်နေတာကတော့ သြစတြေးလျက အမေရိကဆာမာအိုဆိုတဲ့ ကျွန်းနိုင်ငံလေးကို အနိုင်ရတဲ့ခြေစစ်ပွဲစဉ်မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ သြစတြေးလျက ၃၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး သွမ်ဆင်တစ်ဦးတည်းက ၁၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

play

 

လိဂ်ပွဲတွေမှာ ဆိုရင်တော့ ဂရိတတိယတန်းပြိုင်ပွဲမှာ ဆိုက်ပရီယော့တိုက်စစ်မှူးပွန်တီကော့စ်က ၁၆ ဂိုးသွင်းထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အမြန်ဆုံးဂိုးလို့ ယူဆရတာကတော့ နာဝက်ဖ်အယ်အာဘတ်ရဲ့ ဂိုးဖြစ်ပြီး ၂.၄ စက္ကန့်နဲ့ ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ဒီဂိုးကို အယ်ရှိုလာအသင်းနဲ့တွေ့စဉ် သွင်းယူခဲ့တာပါ။

အဝေးဆုံးအကွာအဝေးကနေ ဂိုးသွင်းနိုင်တဲ့သူကတော့ လက်ရှိချဲလ်ဆီးဂိုးသမား ဘီဂိုဗစ်ဖြစ်ပါတယ်။ ၂၀၁၃ တုန်းက ဘီဂိုဗစ်က စတုတ်စီးတီးဂိုးသမားဖြစ်ခဲ့ပြီး ဆောက်သမ်တန်နဲ့ တွေ့စဉ်မှာ ၉၁.၉ မီတာအကွာကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂိုးအများဆုံးသွင်းထားတဲ့ ဂိုးသမားကတော့ ဘရာဇီးက ရိုဂီရီယိုဆီနီဖြစ်ပါတယ်။ သူက ပင်နယ်တီအမြဲကန်သလို အလွတ်တည်ကန်ဘောတွေမှာလည်း ဆရာတစ်ဆူဖြစ်ပါတယ်။ 

play

 

ပရီးမီးယားလိဂ်မှာ အမြန်ဆုံးဟက်ထရစ်ရှင်ကတော့ ဆောက်သမ်တန်ကစားသမား မန်နေးဖြစ်ပြီး ၄ မိနစ် ၃၂ စက္ကန့်နဲ့ ဟက်ထရစ်သွင်းခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ