Sports: လူမုန်းခံရဆုံး ဘောလုံးသမား ၁၀ ဦး

အသင်းအတွက် ခြေစွမ်းပြနိုင်ပေမယ့် ပရိသတ်ရဲ့ မုန်းတီးမှုကို ခံရတဲ့ ဘောလုံးသမားတွေရှိပါတယ်။ အတော်များများကတော့ ပရိသတ်တွေလည်း သိထားကြမှာပါ။ ကဲ သင်တို့မကြိုက်တာ ကစားသမားတွေနဲ့ ထပ်တူညီရဲ့လားဆိုတာ ကြည့်လိုက်ပါဦး။

ပရိသတ်တွေလေးစားအားကျ အတုယူရတဲ့ ဘောလုံးသမားသူရဲကောင်းများစွာ ရှိခဲ့ဖူးပါတယ်။ လက်ရှိဘောလုံး လောကမှာလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်အရာ ဆန့်ကျင်ဘက်ရှိတဲ့ သဘာဝနိယာမအတိုင်း အချစ်ခံရတဲ့ ဘောလုံးသမားရှိသလို မုန်းခြင်းခံရတဲ့ ဘောလုံးသမားတွေလည်း ရှိပါတယ်။

play

 

ကမ္ဘာ့ဘောလုံးလောက စင်မြင့်ထက်မှာ ကျော်ကြားပြီး အောင်မြင်မှုတွေရနေပေမယ့် ပရိသတ်တွေရဲ့ မုန်းခြင်းကို အခံရဆုံး ကစားသမား တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၀။ အီဗရာဟီမိုဗစ်ခ်ျ

play

 

ဘောလုံးကွင်းထဲမှာ ခြေစွမ်းပြသည့်တိုင်အောင် ပရိသတ်တွေဆီက လှောင်ရယ်သံတွေကို ရတဲ့ ကစားသမားက ဆွီဒင်လက်ရွေးစင် ဇလာတန်အီဗရာဟီမိုဗစ်ခ်ျပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ အီဗရာဟီမိုဗစ်ခ်ျက အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ပုံရိပ်ကို ပရိသတ်အချစ်တော်ဖြစ်အောင် မြှင့်တင်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီယိုလာကလည်း သူ့ရဲ့အပြုအမူတွေအတွက် ဝေန်ဖန်ခဲ့ဖူးပါတယ်။ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားသည့် တိုင်အောင် အီဗရာဟီမိုဗစ်ခ်ျက ပရိသတ်ရဲ့ အသည်းနှလုံးကို ဆွဲဆောင်နိုင်စွမ်း မရှိသေးပါဘူး။

၉။ ဘာလော့တယ်လီ

play

 

၂၀၁၃ ခုနှစ်မှာ အေစီမီလန်အသင်းထံ ရောက်သွားပြီးနောက်ပိုင်း အငြင်းပွားဖွယ်ရာ ကိစ္စတွေ သိပ်မကြားရတော့ပေမယ့် ဘာလော့တယ်လီဟာ ပရိသတ်မုန်းတာ ခံရတဲ့ကစားသမားအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အတိတ်မှာတုန်းက ဆိုးသွမ်းလှတဲ့ လုပ်ရပ်တွေကို မကြာခဏကျူးလွန်သူဖြစ်လို့လည်း ဘာလော့တယ်လီဟာ ခြေစွမ်းကောင်းပေမယ့် ပရိသတ်ရဲ့ အချစ်တော် မဖြစ်ခဲ့တာပါ။ သူ့ရဲ့အပြုအမူတွေကို ဝေဖန်တဲ့ ကစားသမားတွေ နည်းပြတွေ များစွာရှိပါတယ်။ လေ့ကျင်းရေးကွင်းမှာ လူငယ်တွေကို မြှားနဲ့ လိုက်ပစ်တာ၊ ကိုယ့်ရဲ့အိမ်ထဲမှာ မီးပန်းဖောက်ပြီး မီးအလန့်တကြားဖြစ်အောင်လုပ်တာ စတဲ့ဆိုးသွမ်းလုပ်ရပ်တွေကြောင့် သူကအမုန်းခံရတဲ့ ကစားသမားဖြစ်နေတာပါ။

၈။ ဆာဂျီယိုဘတ်စ်ကွက်

play

 

ဘတ်စ်ကွက်လည်း လူမုန်းခံရတာ ကစားသမားဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရတာပါလဲ။ အကြောင်းကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအမူအကျင့်ကြောင့်မဟုတ်ပဲ ကစားကွင်းအတွင်း အမူအကျင့်ကြောင့်ဖြစ်ပါတယ်။ ဘတ်စ်ကွက်ဟာ ဟန်ဆောင်လှဲချတက်သူအဖြစ် နာမည်ကြီးပါတယ်။ ဒီနည်းလမ်းနဲ့ ဘာစီလိုနာကို ရယူပေးခဲ့တဲ့ ပြစ်ဒဏ်ဘောတွေ၊ ပင်နယ်တီတွေ မနည်းတော့ပါဘူး။

၇။ ပေပေ

play

 

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အားကိုးရတဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ပရိသတ် ကြားမှာတော့ ပေပေဟာလူမုန်းများပါတယ်။ နောက်ခံကစားသမားပေပေကို ရီးရဲလ်မက်ဒရစ် ပရိသတ်တွေတော့ ကြိုက်ကောင်းကြိုက်ကြမှာပါ။ ဒါပေမယ့် ပရိသတ်အများစုရဲ့ အမြင်မှာ ပေပေက ရန်စ ထောင်လွှားသူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူအဖြစ် ရှိနေပါတယ်။ ၂၀၁၂ တုန်းက ဘာစီလိုနာနဲ့ တွေ့တဲ့ပွဲမှာ မက်ဆီရဲ့ လက်ကို ခြေနဲ့တမင်တက်နင်းသလို ဖြစ်ခဲ့တာကြာင့်လည်း ပေပေဟာ လူမုန်းပိုများလာရပါတယ်။

၆။ အက်ရှ်လေကိုး

play

 

အက်ရှ်လေကိုးလ် ပရိသတ်အမုန်းခံရတဲ့ အဓိကအကြောင်းပြချက် နှစ်ချက်ရှိပါတယ်။ အာဆင်နယ်မှာ ကာလကြာရှည် ကစားခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းကို ရုတ်တရက်ပြောင်းသွားတဲ့အချက်နဲ့ နောက်တစ်ခုက အိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့ ကိစ္စကြောင့်ဖြစ်ပါတယ်။ ချယ်လ်ဆီးကို အက်ရှ်လေကိုးလ် ရောက်သွားချိန်က စလို့ ပရိသတ်လူမုန်းတဖြည်းဖြည်းများလာပြီး ဇနီးဖြစ်သူ ချယ်ရီကိုးလ်အပေါ်မှာ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့မှုကလည်း ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အက်ရှ်လေကိုးလ်ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

၅။ ဂျိုယေးဘာတန်

play

 

အင်္ဂလန်ဘောလုံးလောကမှာတော့ ဂျိုယေးဘာတန်ဟေ့ ဆိုရင် ဘောလုံးသမားတွေ ခပ်ဝေးဝေးက ရှောင်ကြပါတယ်။ အင်္ဂလန်မီဒီယာတွေအတွက်လည်း အမြဲလိုလို ခေါင်းကြီးသတင်းတွေဖြစ်အောင် ပြုလုပ်တက်တဲ့ ကစားသမားဖြစ်ပြန်ပါတယ်။ သူက ဝါရင့်နည်းပြတွေဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်၊ ရွိုင်းဟော့ဆန်တို့ကိုဝေဖန်ရမှာလည်း လက်မရွံ့သူဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုတွေမှာ မကြာခဏ ပါဝင်လေ့ရှိပြီး ထောင် ၇၄ ရက်ကျခံခဲ့ဖူးသူဖြစ်ပါတယ်။ အထူးသဖြင့် ကစားကွင်းထဲမှာ ဘာတန်ဟာ သတ်ပုတ်ရဖို့ ဝန်မလေးသူဖြစ်ပါတယ်။

၎။ ဒီအော့ဖ်

play

 

အချို့ကစားသမားတွေက ဘယ်သွားသွား အငြင်းပွားဖွယ်ရာတွေ လုပ်လေ့ရှိပါတယ်။ အဲဒီအထဲမှာ ဒီအော့်ဖ်လည်း အပါအဝင်ဖြစ်ပါတယ်။ ဘောလုံးကောက်ပေးတဲ့ လူငယ်လေးကို ခွဲခြားဆက်ဆံတဲ့ စကားပြောတာမျိုးတွေ၊ ပရိသတ်တွေဘက်လှည့်ပြီး တံတွေးထွေးခဲ့တာတွေ၊ ဟန်ဆောင်လှဲချမှုတွေ၊ အရက်မူးပြီး ကားမောင်းလို့ အဖမ်းခံရတာတွေ စသဖြင့် ဒီအော့်ဖ်ရဲ့ ဆိုးသွမ်းမှုတွေကလည်း များလှပါတယ်။ ဒါကြောင့်ပဲီ ဒီအော့်ဖ်ဟာ ပရိသတ်မုန်းတဲ့ ကစားသမား ဖြစ်လာရတာပါ။

၃။ ရွိုင်ကိန်း

play

 

တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တစ်ချိန်က မန်ယူအသင်းရဲ့ကွင်းလယ်မှာ အဆက်မပြတ်ညွှန်ကြားပြီး ခပ်ကြမ်းကြမ်းကစားခဲ့သူ ကပ္ပတိန်တစ်ယောက်ဆိုရင် ရွိုင်ကိန်းကိုပဲ ပြေးမြင်ကြမှာပါ။ ရွိုင်ကိန်းဟာ ပြိုင်ဘက်တွေကို ခပ်ကြမ်းကြမ်းကစားပြီး အသင်းရဲ့ ခံစစ်ကာကွယ်တက်သူ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက မန်စီးတီးကစားသမား အင့်ဟာလန်ကို ကြမ်းတမ်းစွာ ကစားလိုက်လို့ ဟာလန်ဒဏ်ရာပြင်းထန်စွာ ရသွားပြီး သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်လုနီးပါး ဖြစ်သွားစေခဲ့ပါတယ်။

၂။ လူးဝစ္စဆွာရက်ဇ်

play

 

ဥရောပဘောလုံးဇာတ်ခုံပေါ် ရောက်လာပြီနောက်ပိုင်း ပြဿနာများစွာ ဖန်တီးခဲ့သူက လူးဝစ္စဆွာရက်ဇ် ဖြစ်ပါတယ်။ လီဗာပူးမှာရှိနေတုန်း အီဗရာကို လူမျိုးရေးခွဲခြားတဲ့ ကိစ္စနဲ့ပတ်သတ်လို့ အရေးယူခံရဖူးသလို၊ ကမ္ဘာ့ဖလားမှာလည်း အီတလီကစားသမား ချီလီနီလက်ကို ကိုက်ခဲ့လို့ အရေးယူခံခဲ့ရပါသေးတယ်။ ဒါတင် မကသေးပဲ ဂါနာအသင်းနဲ့ တွေ့တဲ့ကမ္ဘာ့ဖလားပွဲစဉ်မှာလည်း ဂိုးထဲဝင်ခါနီးဘောလုံးကို လက်နဲ့ပုပ်လိုက်တာ ကြောင့်အထုတ်ခံခဲ့ရဖူးပါတယ်။

ဒီလိုအငြင်းပွားဖွယ်ရာမရှိ ပရော်ဖက်ရှင်နယ်မပီသတဲ့ လုပ်ရပ်တွေကြောင့် ဆွာရက်ဇ်ဟာ လူမုန်းများရခြင်း ဖြစ်ပါတယ်။

၁။ ဂျွန်တယ်ရီ

play

 

ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဂျွန်တယ်ရီကတော့ ဘောလုံးလောကမှာ လူမုန်းခံရဆုံး ကစားသမား လို့တောင်ဆိုနိုင်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဟောင်း ဝိန်းဘရစ်ခ်ျရဲ့ ချစ်သူနဲ့ တိတ်တိတ်ပုန်းငြိစွန်းနေတဲ့ သတင်းထွက်လာပြီးတဲ့နောက် တယ်ရီဟာ လူမုန်းပိုခံသွားရပါတယ်။ ကျူပီအာက အန်တွန်ဖာဒီနန်ကိုလည်း လူမျိုးရေးခွဲခြားခဲ့ပါတယ်။ တယ်ရီရဲ့ မိသားစုကလည်း မူးယစ်ဆေးသုံးစွဲဖြန့်ဖြူးမှု လုပ်တယ်လို့ သတင်းထွက်လာဖူးပါတယ်။ ဒါတွေကြောင့် တယ်ရီဟာခြေစွမ်းတည်ငြိမ်ပေမယ့် လူမုန်းအများဆုံး ကစားသမား ဖြစ်နေရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ