Sports: ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးဘောလုံးသမား ၁၀ ဦး

play

 

ဒီဘက်ခေတ်မှာ အမျိုးသားဘောလုံးပြိုင်ပွဲတွေနည်းတူ ပရိသတ်အကြားရေပန်းစားလာတာက အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ချောမောပြေပြစ်တဲ့ အမျိုးသမီးဘောလုံးသမားတွေဟာ စာနယ်ဇင်းမီဒီယာတွေထက်ကို ရောက်ရှိပြီး နာမည်ကြီးလာကြသလို အမျိုးသမီးဘောလုံးပြိုင်ပွဲတွေဟာလည်း ပိုပြီးနာမည်ရလာကြပါတယ်။

အဲဒါကြောင့် လက်ရှိ အမျိုးသမီးဘောလုံးလောကမှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး ၁၀ ဦးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။Jonella Filligno (ကနေဒါ)

play

 

ပြီးခဲ့တဲ့ ၂၀၁၅ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ကနေဒါက ဝင်ရောက်ကစားခဲ့သူ ဘောလုံးသမားဖြစ်ပါတယ်။ ကနေဒါအသင်းနဲ့ ၂၀၁၂ အိုလံပစ်မှာလည်း ကြေးတံဆိပ်ရယူဖူးသူဖြစ်ပါတယ်။ ကျွမ်းကျင်မှု၊ ရုပ်ရည်ပြေပြစ်မှုနဲ့ နာမည်ဆိုးမရှိမှုတွေကြောင့် သူမဟာ ကနေဒါဘောလုံးကြယ်ပွင့်တစ်ဦးလည်းဖြစ်ပါတယ်။

၂။ Anouk Hoogendijk(ဟော်လန်)

play

 

ဟော်လန်အမျိုးသမီးလက်ရွေးစင်အသင်းက ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။ နာမည်ကျော် အေဂျက်ဇ်အသင်းရဲ့ အမျိုးသမီးအသင်းမှာ ပါဝင်ကစားနေသူလည်း ဖြစ်ပြန်ပါတယ်။ ဟော်လန်အတွက် ကစားပေးတာ ပွဲပေါင်း ၁၀၀ တောင် ပြည့်ခဲ့ပါပြီ။

၃။Lauren Sesselmann (ကနေဒါ)

play

 

ကနေဒါအမျိုးသမီးအသင်းရဲ့ ဒုတိယမြောက် အချောအလှ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရှေ့လျှောက်ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဖြတ်သန်းဖို့ သိပ်မသေချာတော့ပါဘူး။ ကနေဒါအတွက်ပွဲ ၄၀ လောက်ကစားပေးခဲ့ပြီး သူမက ဘတ်စ်ကတ်ဘောလည်း ကစားပါတယ်။

၎။ Julia Simic (ဂျာမနီ)

play

 

အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ Julia Simic ကလည်း ဂျာမနီအမျိုးသမီးဘောလုံးအသင်းရဲ့ ကြယ်ပွင့် တစ်ပွင့်ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲတစ်ရာကျော်ကစားခဲ့ပြီး အခုလည်း ဝုလ်ဘတ်အသင်းအတွက် ကစားနေပြန်ပါတယ်။

၅။ Toni Duggan ( အင်္ဂလန်)

play

 

အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ဘောလုံးကြယ်ပွင့်အဖြစ် ကစားနေသူ လက်ရွေးစင်တစ်ဦးဖြစ်ပါတယ်။ ကလပ်ကတော့ မန်စီးတီးအမျိုးသမီးအသင်း ဖြစ်ပါတယ်။ သူမရဲ့ဒီဇိုင်းကိုလည်း ကြည့်လိုက်ပါဦး။ ဘောလုံးသမားလို့တောင် ထင်ချင်စရာ မရှိပါဘူး။

၆။ Alex Morga (အမေရိကန်)

play

 

အမေရိကန်အမျိုးသမီးအသင်းရဲ့ ဘောလုံးကြယ်ပွင့်ဖြစ်နေတာ ကြာပါပြီ။ အခုဆို အသင်းခေါင်းဆောင် အဖြစ် လက်ရွေးစင်အသင်းမှာ ကစားနေရပါတယ်။ ဘောလုံးကစားတာ ကျွမ်းကျင်သလို ရုပ်ရည်ပြေပြစ်မှု ကြောင့်လည်း နာမည်ကြီးရပါတယ်။

၇။ Nayeli Rangel (မက္ကဆီကို)

play

 

အသက် ၂၃ နှစ်သာရှိသေးတဲ့ Rangel ဟာ မက္ကဆီကိုအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်ပလေယာ တစ်ဦးဖြစ်နေပါပြီ။ မက္ကဆီနွယ်ဖွားသူမဟ မွေးရပ်မြေ Sky Blue FC မှာကစားနေသူ ဖြစ်ပါတယ်။

၈။ Ellye Perry (ၾသစေၾတးလ်)

play

 

ဘောလုံးကစားသမားတစ်ဦးသာမက ခရစ်ကတ်လက်ရွေးစင်တစ်ဦးလည်းဖြစ်ပါတယ်။ နုနယ်ပြေပြစ်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အားကစားကျွမ်းကျင်မှုအပိုင်းမှာလည်း ပါရမီထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။

၉။ Hope Solo(အမေရိကန်)

play

 

အမေရိကန်လက်ရွေးစင်အသင်းရဲ့ နံပတ် ၁ ဂိုးသမား ဖြစ်ပြီး အမေရိကန်အသင်းနဲ့အတူ ဘောလုံးလောကမှာ တောက်ပပြီး နာမည်ကျော်တစ်ဦး ဖြစ်နေပါပြီ။ မကြာသေးခင်ကမှ သူမရဲ့ အဝတ်မပါဓါတ်ပုံတွေ အင်တာနက်ပေါ်မှာ ပေါက်ကြားခဲ့လို့ ပိုပြီးမည်ကျော်လာခဲ့ပါသေးတယ်။ (ဗလာကျင်းထားတဲ့ ပုံများ)

၁၀။ Laure Boulleau (ပြင်သစ်)

play

 

ပြင်သစ်လက်ရွေးစင်အမျိုးသမီး တစ်ဦးဖြစ်တဲ့အပြင် အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ နာမည်ကျော် PSG အသင်းရဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပြန်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲ ၅၀ ကျော်ကစားထားပြီး PSG အားကိုးရတဲ့ နောက်ခံ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ