Sports: ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားများ

play

 

ဘောလုံးအားကစားနည်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရတဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် နာမည်ကျော်ဘောလုံးသမားတွေရဲ့ ကိုယ်ရေးကိုယ်တာာ ကိစ္စတွေကိုလည်း ပရိသတ်တွေက စိတ်ဝင်စား ကြပါတယ်။ Goal.com ထုတ်ပြန်ထားတဲ့ လေ့လာချက်အရ လက်ရှိကမ္ဘာ့ဘောလုံးလောကအတွင်း အချမ်းသာဆုံး ကစားသမား ငါးဦးအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

၅။ ဝိန်းရွန်နေး

play

 

အင်္ဂလန်တွင် လက်ရှိဘောလုံးသမားများထဲတ အချမ်းသာဆုံး ကစားသမားလည်း ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဝိန်းရွန်နေးက စုစုပေါင်း ကန်ဒေါ်လာ ၁၁၆ သန်းချမ်းသာကြွယ်ဝပါတယ်။ အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့ ဝိန်းရွန်နေးက အင်္ဂလန်ပရီးမီးယားလိဂ်မှာလည်း အချမ်းသာဆုံး ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တကက်မှာ သာမန်ကစားသမားတစ်ဦးထက်ပိုပြီး နေရာရထားတဲ့ ရွန်နေးဟာ ၂၀၁၄ မှာချုပ်ခဲ့တဲ့ စာချုပ်သစ်ကြောင့်လည်း အခုလို ကြွယ်ဝမှု တိုးလာခဲ့တာဖြစ်ပါတယ်။

၎။ ဇလေတန်အီဗရာဟီမိုဗစ်ခ်ျ

play

 

ဥရောပထိပ်သီးအသင်းများစွာတို့တွင် ကစားခဲ့ပြီးနောက် အီဗရာဟီမိုဗစ်ခ်ျက လက်ရှိပီအက်စ်ဂျီ၏ မရှိမဖြစ်ကစားသမား ဖြစ်လာသည်။

အီဗရာဟီမိုဗစ်ခ်ျကတော့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းက ပေးထားတဲ့ မြောက်မြားလှသော လစာငွေကြောင့်လည်း အီဗရာဟီမိုဗစ်ခ်ျရဲ့ ချမ်းသာကြွယ်ဝမှုကို ပိုတိုးလာခဲ့တာပါ။ ဝင်ငွေအများစုကတော့ ပရော်ဖက်ရှင်နယ်စာချုပ်တွေနဲ့ သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုအချို့ကနေ ရရှိတာဖြစ်ပါတယ်။ ဒါ့အပြင် Nivea, Xbox, Volvo, Dressman စတဲ့ ကြော်ငြာ စာချုပ်ဝင်တွေလည်း ရှိပါသေးတယ်။ လက်ရှိအချိန်ထိ ပီအက်စ်ဂျီအတွက် ဂိုးပေါင်း ၁၀၀ ကျော်သွင်းထားသူ ဖြစ်ပါတယ်။

၃။ နေမာ (ဘာစီလိုနာ)

play

 

နေမာရရှိထားတဲ့ ကြော်ငြာဝင်ငွေတွေလည်း များစွာရှိပါတယ်။

ထူးချွန်တဲ့ အရည်သွေးတွေအငြင်းပွားဖွယ်ရာမရှိ ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာ ကစားသမား နေမာကလည်း စုစုပေါင်း ကြွယ်ဝမှု ကန်ဒေါ်လာ ၁၅၂ သန်းရှိပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးဆောင်ပေးနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လစာငွေ တစ်နှစ်ကို ယူရို ၈.၈ သန်းလောက် ရနေတဲ့ အပြင် Nike, Panasonic, Volkswagen, Red Bull စတဲ့ လုပ်ငန်းပေါင်းများစွာနဲ့ စာချုပ်ရှိထားသူ လည်းဖြစ်ပါတယ်။ ၂၃ နှစ်အရွယ်နဲ့ ဒီလိုဝင်ငွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

၂။ လီယွန်နယ်မက်ဆီ( ဘာစီလိုနာ)

play

 

မက်ဆီဟာ ကမ္ဘာ့လစာအများဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စံချိန်တင်ဆွတ်ခူးထားသူဖြစ်ပြီး ဘောလုံးကွင်းထဲရောက်တဲ့အခါ မှော်ဆန်တဲ့ ခြေစွမ်းတွေ ထွက်လာတက်သူလို့ နာမည်ကြီးပါတယ်။ မက်ဆီကတော့ စုစုပေါင်း ကန်ဒေါ်လာ ၂၂၅ သန်းလောက် ကြွယ်ဝသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသော ပရော်ဖက်ရှင်နယ်အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီမှာလည်း နာမည်ကျော် ကုမ္ပဏီတွေရဲ့ စာချုပ်များစွာရှိပါတယ်။

၁။ ခရစ္စတီယာနို ရော်နယ်ဒို(ရီးရဲလ်မက်ဒရစ်)

play

 

ကြော်ငြာဝင်ငွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေကြောင့် ရော်နယ်ဒိုက ပိုပြီးကြွယ်ဝနေပါတယ်။

ကျော်ကြားမှုနဲ့ ခြေစွမ်းမှာ ဘာစီလိုနာက မက်ဆီကို တန်းတူယှဉ်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ခြေစွမ်းအရ ဘယ်သူပိုကောင်းတယ်ဆိုတာ ဆုံးဖြတ်ရခက်ပေမယ့် ကြွယ်ဝမှုမှာတော့ ရော်နယ်ဒိုက အနည်းငယ်ပိုတယ်လို့ ဆိုပါတယ်။  ရီးရဲလ်မက်ဒရစ်ထံကနေ တစ်နှစ်ကို လစာငွေ ယူရို ၁၈.၂ သန်းလောက်ရနေသူဖြစ်ပါတယ်။ CR7 ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဖက်ရှင်အဝတ်အစား၊ ရေမွှေး စတာတွေကိုလည်း ရော်နယ်ဒိုက ထုတ်လုပ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ