Sports: မော်ရင်ဟို၊ မက်ဆီ တို့အပေါ် ရော်နယ်ဒို ဘာပြောသလဲ

မော်ရင်ဟိုနဲ့ မက်ဆီအပေါ် သူသုံးသပ်ထားတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုနဲ့ BT Sports တို့အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုပြောခဲ့တဲ့ မှတ်မှတ်ရရ စကားတွေကို စုစည်းဖော်ပြပေးထားပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ သူနဲ့ ခေတ်ပြိုင်ဖြစ်တဲ့မက်ဆီ၊ သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟိုတို့ အပေါ်ပေးခဲ့တဲ့ မှတ်ချက်တွေအပြင် ပရီးမီးယားလိဂ် အကြောင်းဘာပြောခဲ့လဲဆိုတာကိုပါ ဖော်ပြပါလိုက်ပါတယ်။

မော်ရင်ဟိုကို ဘာပြောခဲ့သလဲ

 

“မော်ရင်ဟိုကို ကျွန်တော်အမြဲတမ်း ထိပ်ဆုံးမှာ ရောက်နေတာပဲ မြင်ချင်တာပါ။ ဒါကျွန်တော်အမြဲပြောနေကြ စကားဖြစ်ပါတယ်။ အကောင်းဆုံးစွမ်းဆောင်မှုတွေ သူလုပ်ခဲ့ပြီးပါပြီ။ အခြားသော ကလပ်များစွာအတွက်လည်း အောင်မြင်မှုများစွာ ယူထားပြီသူဖြစ်ပါတယ်”

မက်ဆီကို ဘာပြောခဲ့သလဲ

 

“ မက်ဆီက မယုံနိုင်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားပါ။ ကျွန်တော့်ကို ပိုကြိုးစားချင်စိတ် ဖြစ်လာအောင် ကစားသမားဖြစ်လာအောင် ဖိအားပေးနေသူလည်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါပဲ။ တစ်ခါတစ်လေတော့လည်း ကျွန်တော်တို့ကို နှိုင်းယှဉ်လို့တော့ မရပါဘူး။ ကျွန်တော်တို့က လူသားတွေလေ။ စက်တွေမှ မဟုတ်တာ”

ဘလွန်းဒီအော်ဆုပေါ် ဘာပြောသလဲ

“ ကျွန်တော်ဆုမရတဲ့ နှစ်တိုင်းစိတ်ပျက်ရပါတယ်။ ဒါသာမန်ခံစားချက်ပါ။ ဟန်မဆောင်ချင်ပါဘူး။ စိတ်ပျက်တာကို ကျွန်တော်ဖုံးကွယ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း အဲဒီဆုက ကျွန်တော့်အပေါ်မှာ မူတည်တာမဟုတ်ပဲ မဲပေးတဲ့အပေါ် မူတည်နေတာဖြစ်ပါတယ်။ ဒါကိုကျွန်တော် စောဒကတက်စရာ အကြောင်းတော့ မရှိပါဘူး”

ပရီးမီးယားလိဂ်နဲ့ လာလီဂါအပေါ် နှိုင်းယှဉ်ချက်

 

ဒီလိဂ်ပြိုင်ပွဲနှစ်ခုက ကမ္ဘာမှာ အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်။ အင်္ဂလန်ကစားသမားတွေက ပိုမြန်ပြီး ဘွင်းဘွင်းရှင်းရှင်းပဲ ကစားတက်ကြတယ်။ ပိုပြီးလည်း သန်မာကြတယ်။ ဒီမှာတော့ အလှည့်အပတ်နဲ့ ပရိယာယ် တွေပိုမြင်ရတယ်လေ။ ချန်ပီယံလိဂ်မှာဆိုလည်း စပိန်နဲ့ အင်္ဂလန်အသင်းတွေပဲ အမြဲဆီးမီးဖိုင်နယ် တက်ကြတာ မဟုတ်လား”

ဖခင်တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်

 

“ကျွန်တော်ဖခင်တစ်ယောက်ဖြစ်လာပြီးနောက် အတော်လေးပြောင်းလဲသွားတယ်လို့ ထင်တယ်။ မယုံနိုင်စရာ ပါပဲ။ ကလေးတွေထပ်လိုချင်လားလို့သူငယ်ချင်းတွေမေးတော့ လိုချင်တာပေါ့လို့ ကျွန်တော်အမြဲဖြေပါတယ်။ ကလေးရှိတာ ဘဝမှာ အကောင်းဆုံးအရာပါပဲ”

source : www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ