Sports: ပိုက်ဆံကြဲတာ ဝါသနာပါတဲ့ ဖလွိုက်မေဝဲလ်သာ

ရှုံးပွဲမရှိစံချိန်နဲ့ မေဝဲလ်သာကတော့ ဘဝဆိုတာ ပျော်စရာတွေအပြည့်နဲ့ ဖြတ်သန့်ရမယ်လို့ ယူဆထားပုံပါပဲ။

play

photo : www.mirror.co.uk

လက်ဝှေ့ထိုးသတ်ခြင်းကနေ အနားယူသွားပြီလို့ ကြေငြာထားတဲ့ ဖလွိုက်မေဝဲသာတစ်ယောက် အိမ်မှာ ပါတီပေးရင်း အကမယ်လေးတွေကြားမှာ ပိုက်ဆံတွေကြဲလျှက်ရှိပါတယ်။ “ဘဝဆိုတာ အလကားပဲ” လို့ ပြောနေတဲ့စကားသံကိုလည်း ဗီဒီယိုထဲမှာ ကြားရမှာ ဖြစ်ပါတယ်။

play

photo : www.mirror.co.uk

လက်ဝှေ့လောကမှာ ရှုံးပွဲမရှိစံချိန်တင်ခဲ့ပြီး အနားယူနိုင်ခဲ့ပေမယ့် ပြင်ပဘဝမှာတော့ ငွေကြေးသုံးဖြုန်းမှုနဲ့ ပတ်သတ်လာရင် နာမည်ကျော်တဲ့ မေဝဲလ်သာက ဒီလိုလုပ်ရပ်မျိုးတွေ မကြာခဏလုပ်ပြလေ့ရှိပါတယ်။ အခုလည်း တစ်ကိုယ်လုံးနီးပါ ဖော်ချွတ်ထားတဲ့ အကမယ် ရှစ်ဦးထက်မနည်းဟာ မေဝဲလ်ပိုက်ဆံတွေ ကြဲနေတဲ့ အခန်းထဲမှာ ကပြနေကြတာဖြစ်ပါတယ်။ စက်တင်ဘာလတုန်းက အန်ဒရေဘာတိုနဲ့ နောက်ဆုံးပွဲ ထိုးသတ်ပြီး လက်ဝှေ့လောက,က အနားယူပြီလို့ ကြေငြာသွားတဲ့ မေဝဲလ်သာရဲ့ ပိုင်ဆိုင်မှုဟာ အသားတင် ဒေါ်လာ သန်း ၄၀၀ လောက်ရှိပါတယ်။

play

 

photo : mayweather instagram

၂၀၁၄ ခုနှစ်အတွင်း တွက်ချက်မှုအရလည်း အားကစားလောကမှာ ပိုက်ဆံအရဆုံး သူက မေဝဲလ်သာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့တောင် မေဝဲလ်သာလောက် ဝင်ငွေမများကြပါဘူး။ မကြာသေးခင်ကလည်း များပြားလှတဲ့ ပိုက်ဆံထုပ်တွေကို ပိုက်ပြီး မီယာမီမှာရှိတဲ့ နိုက်ကလပ်ထဲ မေဝဲလ်သာ ဝင်သွားတာကို တွေ့ခဲ့သူတွေရှိပါတယ်။

Source : www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ