Sports: ဘာစီိလိုနာပရီးမီးယားလိဂ်မှာကစားရင် ဖလားရမယ်လို့ ထင်နေသလား

ပရီးမီးယားလိဂ်က ဘယ်လောက်ခက်ခဲသလဲဆိုတာကို ဘာစီလိုနာနောက်ခံကစားသမား ပီကေးက အမွှမ်းတင်လိုက်တာ ဖြစ်ပါတယ်။

 

photo : www.fifa.com

ပရီးမီးယားလိဂ်မှ ဖလားယူဖို့ ဘယ်လောက်ခက်သလဲဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့တောင် အင်္ဂလန်အမှတ်ပေးပွဲမှာ ကစားတဲ့အခါ ဖလားမရနိုင်ဘူးလို့ ပီကေးက ပြောလိုက်ပါတယ်။ ပီကေးဆိုတာ မန်ယူမှာလည်း ကစားဖူးပြီး ဘာစီလိုနာရဲ့ အဓိကနောက်ခံ ကစားသမားတစ်ဦးလည်း ဖြစ်သူပါ။

photo : www.sgsbo.com

သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့အခွင့်အရေးရှိခဲ့မယ်ဆိုရင် ဖလားရနိုင်မှာ မဟုတ်ဘူးလို့ ပီကေးက ဆိုပါတယ်။ “ ဘာစီလိုနာပဲဖြစ်ဖြစ် ရီးရဲလ်မက်ဒရစ်ပဲ ဖြစ်ဖြစ် ပရီးမီးယားလိဂ်မှာ သွားကစားမယ်ဆိုရင်တောင် တစ်နှစ်တည်းတော့ဖလားမရနိုင်ဘူးဗျ။ အဲဒါသေချာတယ်။ စတုတ်စီးတီးတို့လို ကစားရခက်တဲ့အသင်းတွေ အများကြီးရှိတယ်ဗျ” လို့ နောက်ခံလူပီကေးက ဆိုပါတယ်။ ပီကေးက ဖာဂူဆန်လက်ထက်မှာတုန်းက မန်ယူအသင်းမှာ ရှိခဲ့ဖူးပြီး နောက်ပိုင်းမှာ မိသားစုရဲ့ ဆန္ဒအရ အသင်းပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် အင်္ဂလန်အသင်းတွေလည်း လာလီဂါမှာလာကစားတဲ့အခါ ဖလားမရနိုင်ဘူးလို့ ပီကေးက ပြန်ပြောခဲ့ပါတယ်။

Source : www.gaol.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ