Sports: နိုဝင်ဘာအတွက် အားကစားသတင်း ကောလဟာလအချို့

ဂွါဒီယိုလာအကြောင်း၊ ရော်နယ်ဒိုအကြောင်း မန်ယူအကြောင်း စသဖြင့် သတင်းစာတွေရေးနေကြတဲ့ ကောလဟာသတင်းတွေကို စုစည်းပေးထားပါတယ်။

play

 

အားကစားရပ်ဝန်းမှာသာမက နယ်ပယ်အသီးသီးမှာ ကောလဟာလသတင်းဟာ ဆိုတာ အမြဲစောင့်ကြည့်နေရတဲ့အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောလဟာလသတင်းတွေက အမှန်တွေ ဖြစ်လာတက်ကြလို့ပါပဲ။

ကဲ နိုဝင်ဘာလအတွင်း အားကစားရပ်ဝန်းမှာ ဘာတွေကောဟာလ ထွက်နေသလဲ ကြည့်လိုက်ပါဦး။

- ရလဒ်တွေဆိုးနေပမယ့် ချယ်လ်ဆီးကမော်ရင်ဟိုက မထုတ်သေးပါဘူးတဲ့။ ပိုင်ရှင်အေဗရာမိုဗစ်ခ်ျက မော်ရင်ဟိုကို ဆက်လက်ထောက်ခံဆဲပါ။(goal.com)

- မန်စီးတီးက ဘိုင်ယန်နည်းပြဂွါဒီယိုလာကို ကမ်းလှမ်းနေပါတယ်။ တကယ်လို့သာ မရခဲ့ရင် ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီက ခေါ်ဖို့ ပြင်နေပါတယ်။ (dailystar)

play

 

- ခရစ္စတီယာနိုရော်နယ်ဒိုက တကယ်လို့သာ သူအသင်းပြောင်းဖြစ်ရန် မန်ယူကို ပြန်ဖို့ထက် ပီအက်စ်ဂျီကို ပြောင်းဖြစ်ဖို့ ပိုများတယ်လို့ ပြောလိုက်ပါတယ်။ (Daily Mail)

play

 

- မန်ယူက မျက်စိကျနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဂိုမက်ဇ်ကို ပေါင် ၁၄ သန်းလောက်ရရင် အသင်းက ရောင်းမယ်လို့ လေသံပစ်ထားပါတယ်။ (Turkish-football.com)

- စတာလင်က သူလီဗာပူးကကထွက်ပြီး မန်စီးတီကို ပြောင်းလာခဲ့တာ မှန်ကန်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

- အာဆင်နယ်က လိုချင်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ရီးရဲလ်မက်ဒရစ်က ပေါင် ၂၁.၁ သန်းနဲ့ အထက်ရရင် ရောင်းမယ်လို့ ပြောပါတယ်။

Source : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ