Sports: ပရီးမီးယားလိဂ်ရဲ့ အရပ်အပုဆုံးအသင်းနဲ့ အရပ်ရှည်ဆုံးအသင်း

ဘောလုံးအားကစားမှာ အောင်မြင်ဖို့ အရပ်ပုတာ ရှည်တာနဲ့ သက်ဆိုင်တယ်လို့ သင်ထင်ပါသလား။

play

 

ဘောလုံးအားကစားမှာ အရပ်အမောင်းဘယ်လောက်ရှည်လျားမှုက အဓိကကျလား၊ မကျဘူးလား ဆိုတာ ကျွနန်တော်တို့အမြဲငြင်းခုံနေကြတဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ် ပရီးမီးယားလိဂ်မှာ စွမ်းဆောင်မှု ရလဒ်တွေအရတော့ ဘောလုံးအားကစားမှာ အရပ်ပုတာ၊ရှည်တာ အဓိကမကျဘူးဆိုတဲ့အဖြေ ထွက်လာပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပျှမ်းမျှ အရပ်အပုဆုံးငါးသင်းနဲ့ အရပ်အရှည်ဆုံး ငါးသင်းက ဘယ်အသင်းတွေလဲ၊ သူတို့ဘယ်အဆင့်မှာ ရပ်တည်နေလဲဆိုတာ ကြည့်လိုက်ပါဦး။

အဲဗာတန်(ပျှမ်းမျှ အရပ် ၁၈၀.၅ စင်တီမီတာ)

play

အဲဗာတန်အသင်းက ပရီးမီးယားလိဂ်မှာ ပျှမ်းမျှအရပ်အပုဆုံးသင်းပါ။ ဒါပေမယ့် အဲဗာတန်က အသင်းကြီးတွေကို ကောင်းကောင်းယှဉ်နိုင်ပြီး နိုဝင်ဘာလရပ်တည်မှုအရတော့ အဆင့် ၉ နေရာမှာ ရှိနေပါတယ်။

မန်စီးတီး (ပျှမ်းမျှ အရပ် ၁၈၀.၆ စင်တီမီတာ)

play

 

အဲဗာတန်နဲ့ဆိုရင် မန်စီးတီးက ပျှမ်းမျှအရပ် ၀.၁ စင်တီမီတာပဲ အရပ်ပိုရှည်ပါတယ်။ ဒါပေမယ့် နံပတ် နေရာကို ရယူထားတာ မန်စီးတီးဖြစ်လို့ အရပ်အမောင်းက ဘောလုံးလောကမှ အရေးမကြီးဘူးဆိုတာ သက်သေပြနေတာပါပဲ။

နောဝှစ်ခ်ျ (ပျှမ်းမျှ အရပ် ၁၈၁.၄ စင်တီမီတာ)

play

 

တတိယ အရပ်အပုဆုံးအသင်းက နောဝှစ်ခ်ျဖြစ်ပါတယ်။ တန်းတက်အသင်းနောဝှစ်ခ်ျရဲ့ ရလဒ်တွေက သိပ်မကောင်းလှပေမယ့် တန်းဆင်းဇုန်းထဲတော့ မရောက်သေးပါဘူး။

အာဆင်နယ် (ပျှမ်းမျှ အရပ် ၁၈၁.၄စင်တီမီတာ)

play

 

ပရီးမီးယားလိဂ်မှာ အရပ်အပုဆုံးကွင်းလယ်ကို ပိုင်ဆိုင်ထားတဲ့အသင်းလို့လည်း ပြီးခဲ့တဲ့နှစ်က တံဆိပ်အတပ်ခံခဲ့ရပါတယ်။ အခုရာသီကျပြန်တော့ အဆင့် -၂ နေရာမှာရောက်နေတဲ့ အသင်းက ပရီးမီးယားလိဂ်မှာ စတုတ္ထအရပ်အပုဆုံး အသင်း ဖြစ်နေပါတယ်။

ဘုန်းမောက်သ်(ပျှမ်းမျှ အရပ် ၁၈၁.၆စင်တီမီတာ)

play

 

ဘုန်းမောက်သ်ကတော့ ပဉ္စမမြောက် အရပ်အပုဆုံး အသင်းပါ။ တန်းတက်အသင်းဖြစ်ပြီး အဆင့် ၁၈ နေရမှာ ရပ်တည်နေရပါတယ်။

နောက်ထပ်ငါးသင်းကတော့ အရပ်အရှည်ဆုံးအသင်းငါးသင်းဖြစ်ပါတယ်။

စတုတ်စီးတီး(ပျှမ်းမျှ အရပ် ၁၈၄.၈စင်တီမီတာ)

play

 

အသင်းကြီးတွေတောင် နိုင်ဖို့ခက်တယ်လို့ နာမည်ကြီးတဲ့ စတုတ်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ အရပ်အရှည်ဆုံး ဖြစ်ပါတယ်။ ထူးခြားတာက စတုတ်စီးတီးက အသင်းကြီးတစ်သင်းလို ခံစစ်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။

ချယ်လ်ဆီး(ပျှမ်းမျှ အရပ် ၁၈၄.၄စင်တီမီတာ)

play

 

လက်ရှိအမှတ်ပေးချန်ပီယံချယ်လ်ဆီးကလည်း စတုတ်စီးတီးနဲ့ ပျှမ်းမျှအရပ်အမောင်း အတူတူဖြစ်ပါတယ်။ ရှေ့လယ်နောက် ကစားသမားတွေဆီမှာ မြင့်မားတဲ့အရပ်အမောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။

ခရစ္စတယ်ပဲလေ့စ် (ပျှမ်းမျှ အရပ် ၁၈၄.၁စင်တီမီတာ)

play

 

ရလဒ်တွေကောင်းမွန်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ တတိယအရပ်အရှည်ဆုံး အသင်းဖြစ်ပါတယ်။ ကာဘာယီ၊ ဇာဟာ စတဲ့ကစားသမားတွေကလည်း အရပ်ရှည်သူတွေဖြစ်ပါတယ်။

ဝက်ဖို့ဒ်(ပျှမ်းမျှအရပ် ၁၈၃.၇ စင်တီမီတာ)

play

 

တန်းတက်အသင်းလို့ မထင်ရအောင် ခြေစွမ်းပြနေတဲ့ ဝက်ဖို့ဒ်က စတုတ္ထအရပ်အရှည်ဆုံးဖြစ်ပါတယ်။ တိုက်စစ်မှူး အီဂါလိုကလည်း အရပ်ရှည်သူတစ်ဦးပါ။

ဝက်စ်ဘရွန်း (ပျှမ်းမျှအရပ် ၁၈၃.၃ စင်တီမီတာ)

play

 

အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာရှိနေတဲ့ ဝက်စ်ဘရွန်းကတော့ ပဉ္စမမြောက် အရပ်အရှည်ဆုံး အသင်းဖြစ်ပါတယ်။

Source  & photos : www.talksports.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ