AD
AD
AD

 

Photo : Yangon United FC Website

ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးနာမည်ကြီးကလပ် ကိုရင်သီယန်တွင် တစ်ရာသီကစားခဲ့ဖူးသည့် ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင်ဒေါ့ဆန်းတို့စ်ကို တစ်ရာသီစာချုပ်ဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ကခေါ်ယူခဲ့သည်။

အက်ဒီဆင်သည် XV de Piracicaba ကလပ်အသင်းတွင် ၂၀၁၀ ခုနှစ်မှာ ၂၀၁၂ ခုနှစ် အထိ ပွဲ ၄၀ ကစား ခဲ့ပြီး ၁၇ ဂိုးသွင်းယူပေးခဲ့ကာ ၊ ၂၀၁၂ ခုနှစ်တွင် ဘရာဇီးကလပ် ကိုရင်သီယန်တွင် ၁၁ ပွဲ တိတိ ကစားခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၃ ခုနှစ်တွင် XV de Piracicaba အသင်းသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ၁၇ ပွဲ ကစားခဲ့ပြီး ၁ဂိုး သွင်းယူပေးခဲ့သည်။

ထို့အပြင် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်နည်းပြသစ် အီမာဆင် XV de Piracicaba ကို တိုင်တွယ်စဉ်က တပည့်ဟောင်းဖြစ်ခဲ့ဖူးသည်။

အက်ဒီဆင်ဒေါ့ဆန်းတို့စ်သည် တိုယိုတာ မဲခေါင်ပြိုင်ပွဲတွင် ပါဝင်ကစားမည်ဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD