Sports: လက်ရွေးစင်အသင်းမှာ နေရာရဖို့ စိုးရိမ်နေရပြီဖြစ်တဲ့ ရွန်နေး

ကစားသမားကောင်းတွေများလာတာကြောင့် သူတောင်နေရာပျောက်တော့မယ်လို့ ရွန်နေးက ပြောပါတယ်။

play

 

အင်္ဂလန်အသင်းတိုက်စစ်မှာ ကစားသမာကောင်းတွေများလာတဲ့အတွက် နောက်ဆိုနေရာရဖို့တောင် မသေချာ ဖြစ်နေပြီလို့ တိုက်စစ်မှူးရွန်နေးက ဝန်ခံလိုက်ပါတယ်။ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ရွန်နေးက ဒီနေ့ည ကစားမယ့်  စပိန်နဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်မှာ မဟုတ်ပါဘူး။

play

 

စပါးအသင်း လူငယ်တိုက်စစ်မှူးဟာရီကိန်း၊ အဲဗာတန်က လူငယ်ကွင်းလယ်တိုက်စစ်မှူး ဘာကလေနဲ့ ခြေစွမ်းပြနေတဲ့ လက်စ်တာက တိုက်စစ်မှူးဗာဒီတို့က အင်္ဂလန်တိုက်စစ်ကို ဦးဆောင်မှာ ဖြစ်တာကြောင့် စပိန်နဲ့ ပွဲမှာ ရွန်နေးကို နည်းပြရွှိုင်းဟော့ဆန်က ချန်ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုချန်းထားခဲ့ရပြီးနောက်ပိုင်း ရွန်နေးက အင်္ဂလန်လက်ရွေးစင်အသင်းမှာ သူ့အတွက် နေရာမသေချာတော့ဘူးလို့ ဝန်ခံလာတာ ဖြစ်ပါတယ်။  အသင်းခေါင်းဆောင် ရွန်နေးက ဂိုးအများဆုံးသွင်းနိုင်တဲ့ လက်ရွေးစင်ကစားသမား ဖြစ်လာတာ မကြာသေးပါဘူး။

play

 

“မန်နေဂျာတွေကတော့ နိုင်ငံ့အသင်းအတွက် ပိုအဆင်ပြေတဲ့သူကို ရွေးမှာပဲ။ ဒါကိုနားလည်းဖို့လိုတယ်။ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာပြီလေ။ ကျွန်တော်အင်္ဂလန်အသင်းမှာ ပါတဲ့အချိန်ကစပြီး အခုထိ ဒီလူစာရင်းက အင်အားအကောင်းဆုံးပဲ” လို့ရွန်နေးက ပြောပါတယ်။ ဒီတော့ ဒီနေ့ကစားစပိန်နဲ့ ပွဲစဉ်မှာ ရွန်နေးကို မြင်တွေ့ခွင့်ရမှာမဟုတ်တော့ပါဘူး။

Source : www.bbc.com, Photos : www.goal.com, www.mirror.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ