Sports: ကမ္ဘာ့အကောင်းဆုံးကစားသမားဆု မက်ဆီကိုပဲပေးလိုက်ပါဆိုတဲ့ ရော်နယ်ဒို

ဒီနှစ်ပေးမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုကို မက်ဆီကိုပဲ ပေးလိုက်ပါလို့ ရော်နယ်ဒိုက ပြောတာပါ။

play

 

ဒီနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားဆုကို လီယွန်နယ်မက်ဆီသာ ရရှိသွားလိမ့်မယ်လို့ ပြိုင်ဘက်ရော်နယ်ဒိုက ဟောကိန်းထုတ်လိုက်ပါတယ်။ မနှစ်ကသူ့အတွက် အကောင်းဆုံးရာသီတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း ဒီနှစ်တော့ မက်ဆီသာဒီဆုကို ရလိမ့်မယ်လို့ သူထင်နေကြောင်း ရော်နယ်ဒိုက ပြောတာပါ။

play

 

ဒီတစ်နှစ်တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုကို မက်ဆီရနိုင်တယ်ဆိုပေမယ့်လည်း နောက်နှစ်တွေမှာတော့ သူပြန်ရလိမ့်မယ်လို့ ပြောပြန်ပါတယ်။ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ မက်ဆီက ဘာစီလိုနာအသင်းနဲ့ ဖလားသုံးလုံးယူနိုင်ခဲ့တဲ့အတွက် ရော်နယ်ဒိုက ဒီလိုခန့်မှန်းတာ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

“ ဒီဆုတံဆိပ်(ကမ္ဘာ့အကောင်းဆုံးကစားသမားဆု)က မဲပေးတဲ့သူတွေအပေါ် မူတည်တယ်လေဗျာ။ မက်ဆီလည်း ဒီဆုတွေဆက်တိုက်ရခဲ့တယ်။ ပြီးတော့ သူကဒီနှစ်မှာ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားလည်း ရထားတယ်လေ” လို့ ရော်နယ်ဒိုက ပြောထားပါတယ်။ ဒါပေမယ့် နောက်လာမယ့်နှစ်တွေမှာတော့ သူက ဒီဆုကို ရအောင်ယူပါမယ်တဲ့။

play

 

“ကျွန်တော်က ငယ်ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ထပ်ရအောင် လုပ်နိုင်ပါသေးတယ်။ ဒီလိုအကောင်းဆုံးပုံစံနဲ့ နောက်ထပ် ခြောက်နှစ်၊ ခုနှစ်နှစ်လောက် ထပ်ကစားပြချင်သေးတယ်။ အသင်းနဲ့လည်း ဆုဖလားတွေရဖို့လိုတယ်လေ။ ဒါမှ တစ်ဦးချင်းဆုတွေရမှာ မလား” လို့ သူ့ရဲ့အနာဂတ်ကို ရော်နယ်ဒိုက ထပ်ပြောပါတယ်။

Source : www.goal.com, Photos : www.espnfc.com, www.latinpost.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ