Sports: အကောင်းဆုံးအားကစားသမားဆုကို မြင်းနဲ့ယှဉ်လုရမယ့် မက်ဆီ

အားကစားမဂ္ဂဇင်းကပေးအပ်တဲ့ ဆုရဖို့ မက်ဆီက လူသားချင်းလည်း ပြိုင်ရဦးမှာဖြစ်သလို မြင်းနဲ့လည်း ပြိုင်ရဦးမှာပါ။

play

 

Sport Illustrated မဂ္ဂဇင်းကပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ဆန်ခါတင် စာရင်းမှာ ဘာစီလိုနာကြယ်ပွင့်မက်ဆီပါဝင်လာပါတယ်။ ပြဿနာက မက်ဆီဟာ ဒီဆုကိုရဖို့ မြင်းတစ်ကောင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်နေတာပါပဲ။

play

ပြိုင်ပွဲကဆုရထားတဲ့ မြင်းက မက်ဆီရဲ့ ပြိုင်ဘက်ဖြစ်နေပါတယ်။

အမေရိကန်ဂရင်းစလင်းမြင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့ မြင်းကလည်း အကောင်းဆုံးအားကစားသမား ဆုကိုရဖို့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာပါ။ Sports Illustrate မဂ္ဂဇင်းရဲ့ Sportsman of the Year ဆုဟာ နှစ်ပတ်လည် ပေးတဲ့ဆုဖြစ်ပြီး တစ်ခါတစ်ရံမှာ အားကစားအသင်း တွေလည်း ဒီဆုကို ရလေ့ရှိပြီး အခုတော့ တိရိစ္ဆာန်တစ်ကောင်ပါ ဒီဆုကိုရဖို့ ဆန်ခါတင်စာရင်းထဲ ပါဝင်လာတာ ဖြစ်ပါတယ်။ မက်ဆီယှဉ်ပြိုင်ရမယ့် သူတွေအထဲမှာ မြင်းတစ်ကောင်အပြင် ကမ္ဘာ့ဖလားချန်ပီယံအမေရိကန်အမျိုးသမီးအသင်းက ကာလီလွိုက်၊ NBA ချန်ပီယံ စတက်ဖ်ကာရီနဲ့ ဘေ့စ်ဘောချန်ပီယံအသင်း ကန်ဆက်စီးတီးတို့ ပါဝင်ကြပါတယ်။

play

အမေရိကန်အသင်းက ကာလီလွိုက်ပါ။

တင်းနစ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဂျူကိုဗစ်နဲ့ ဆီရီနာဝီလီယံတို့လည်း ဒီစာရင်းထဲ ပါဝင်ကြပြီး အပြေးသမား အူစိန်ဘို့တ်လည်း ပါဝင်နေပါတယ်။ ပရိသတ်အချစ်တော် UFC ချန်ပီယံရူဆေးလည်း ဒီဆန်ခါတင် စာရင်းထဲ ပါဝင်ထားတာတွေ့ရကြောင်းပါ။

ှSource & Photos : www.Goal.com.

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ