Sports: မက်ဆီနဲ့ မာရာဒိုနာ ဘယ်သူခြေပိုသာမယ် ထင်သလဲ

ခေတ်နှစ်ခေတ်ရဲ့ အာဂျင်တီးနားနာမည်ကျော်တွေဖြစ်တဲ့ မက်ဆီနဲ့ မာရာဒိုနာတို့ လိမ္မော်သီးကိုခြေနဲ့ တော့ကစားကြတာပေါ့။

play

 

အာဂျင်တီးနား ဂန္တဝင်ကစားသမား လီယိုနာဒိုနဲ့ လက်ရှိခေါင်းဆောင် လီယိုနယ်မက်ဆီဘယ်သူ ပိုကောင်းတယ် ထင်ပါသလဲ။ သူတို့ လိမ္မော်သီးကို ခြေထောက်နဲ့ တို့ပြီးမြေပေါ်မကျအောင် ကစားပြကြပါလိမ့်မယ်။ ဘယ်သူပိုကောင်းလဲ ဆိုတာတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ။

play

 

လေ့ကျင့်ရေးကွင်းမှာရှိနေတုန်း စားပွဲမှာတင်ထားတဲ့ လိမ္မော်သီးတစ်လုံးကို မက်ဆီက ကောက်ကိုင်လိုက်ပြီး ခြေထောက်နဲ့တော့ပ်ပြခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာကလည်း အသက်ကြီးပေမယ့် ဘောလုံးစွမ်းရည်တွေ ပြသနေနိုင်ဆဲဆိုတာ ထုတ်ပြတဲ့အနေနဲ့ လူတွေရှေ့မှာ အခုလို လိမ္မော်သီးကို ခြေနဲ့ တို့ထိကစားပြခဲ့တာ ဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာက လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီက ခြေထောက်နဲ့ ၉ ကြိမ်ပဲ လိမ္မော်သီးကို တို့ထိကစားပြနိုင်ခဲ့ပြီး မာရာဒိုနာကတော့ အကြိမ် ၂၀ တောင် တို့ထိပြနိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့် ဘယ်သူပိုပြီး လှလှပပ ကစားပြနိုင်သလဲဆိုတာ အောက်ကဗီဒီယိုကိုကြည့်ပြီး သင့်ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ။

Source and photo : dailymail

Source and photo : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ